ဟာဘယ် အာကာသ မှန်ပြောင်း ပြုပြင်မှုများ ပြီးဆုံး

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးကို ပြုပြင်မှုများ စတင်နေပြီ ဖြစ်ကြောင်း နာဆာက ကြေညာလိုက်ပြီး အတ္တလန္တစ် လွန်းပျံယာဉ် မှ အာကာသယာဉ်မှူး (၇) ဦးတို့သည် အလွန် အန္တရာယ်များ သည့် အာကာသ လမ်းလျှောက်မှု လုပ်ငန်းဖြင့်

မှန်ပြောင်းကြီးကို ပြင်ဆင် နေခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။

၎င်းတို့ သည် စန္တယား တလုံး အရွယ်အစားရှိ ကင်မရာကြီး တစ်လုံးကို မှန်ပြောင်းကြီးတွင် တပ်ဆင်ကြပြီး ထို ကင်မရာကြီး က အာကာသ အတွင်းရှိ နောက်ထပ် လျှို့ဝှက်ချက် အသစ် များစွာကို ရှာဖွေ ပေးနိုင်မည် ဟု နာဆာက ယုံကြည်လျက် ရှိသည်။ ဂျွန်ဂရန်းစ်ဖီး နှင့် အန်ဒရူးဖူစတယ် တို့သည် အာကာသယာဉ် ဆိုက်ကပ်ရေး စက်ဝန်း တစ်ခုကို မှန်ပြောင်းကြီးတွင် တပ်ဆင်ခဲ့ပြီး အချက်အလက် စုဆောင်းရေး ယူနစ် တစ်ခုကိုလည်း အသစ် လဲလှယ်လျက် ရှိကြောင်း သိရသည်။

(၆) နာရီ ခွဲကြာမြင့် သည့် ပြင်ဆင်မှု လုပ်ငန်းများသည် ယာဉ်မှူးများ အတွက် အလွန်အန္တရာယ် များကြောင်း၊ ဟာဘယ် သည် ကမာ္ဘပတ်လမ်း အတွင်း ကမာ္ဘ နှင့် အလွန် အလှမ်းဝေးသည့် နေရာတွင် ရှိနေကြောင်း နာဆာ ကကြေညာသည်။

အာကာသ အမှိုက်သရိုက် တခုက ၀င်တိုက် ထားသည့် အတွက် မှန်ပြောင်းကြီးတွင် ထိခိုက်မှုအချို့ ရှိနေပြီး ထိုဒဏ်ရာ ဒဏ်ချက်များကို ပြင်ဆင် ပြီးခဲ့ပြီး၊ မကြာခင် အကာသ ယာဉ်မှူးများ မြေကမာ္ဘသို့ ပြန်လည်ဆင်းသက် လာမည်ဖြစ်ကြောင်း နာဆာ က သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here