မိုက်ကယ်ဂျက်ဆင် အရေပြား ကင်ဆာဖြစ်နေသည့် သတင်း မဟုတ်မှန် ဟုဆို

alt

မိုက်ကယ်ဂျက်ဆင် အရေပြား ကင်ဆာ ဖြစ်နေပြီ ဆိုသော သတင်းများမှာ လုံးဝ မဟုတ်ကြောင်း ၎င်း၏ လူထု ဆက်ဆံရေး ကိုယ်စားလှယ်က ပြောကြား လိုက်သည်။

မေလ (၁၆) ရက်နေ့က ဗြိတိန်အခြေစိုက် The Sun သတင်းဌာနကြီးက အသက်(၅၀) အရွယ် Pop ဘုရင်ကြီးတွင် အရေပြား ကင်ဆာ ဖြစ်ပွားနေပြီဟု ယူဆရသော ရောဂါ လက္ခဏာများ ဆရာဝန်များက တွေ့ရှိခဲ့သည်ဟု ရေးသား ဖော်ပြခဲ့ရာမှ ဂျက်ဆင် တယောက် အရေပြား ကင်ဆာ ဖြစ်ပွားနေပြီ ဟူသည့် ကောလဟာလများ ပြန့်နှံ့လာခြင်း ဖြစ်သည်။

ထို့ အတွက်လည်း ဂျက်ဆင်မှာ အလွန် မကျေမချမ်း ဖြစ်နေကြောင်း သိရသည်။ ၎င်းသည် မျက်နှာပြင် ခွဲစိတ်မှုများ အကြိမ်များစွာ ခံယူ ထားသဖြင့်လည်း ပရိသတ်များက ထိုသတင်းကို အမှန်ဖြစ်ကြောင်း ထင်မှတ်နေ ခဲ့ကြသည်။ ဂျက်ဆင်၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတမ်မီ တမ်မီ ကလည်း ဂျက်ဆင်သည် ကျန်းမာရေး အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး အရေပြားကင်ဆာ ဖြစ်ပေါ်နေသော အထောက်အထားမျိုး မတွေ့ရဟု ထပ်မံသတင်း ထုတ်ပြန်လိုက်သည်။

ဂျက်ဆင်နှင့် နီးစပ်သူ အချို့က ဆရာဝန်များသည် ဂျက်ဆင်၏ ခန္ဓာကိုယ်တွင် အစက်အပြောက်အချို့ တွေ့ရှိခဲ့ပြီးနောက် အဆိုပါသတင်း လျင်မြန်စွာ ပြန့်နှံ့ကာ  မိုက်ကယ်ဂျက်ဆင် အရေပြားကင်ဆာ ဖြစ်နေပြီဟု ကောလဟာလအဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here