ဘရာဇီး မော်ဒယ်လ် နှင့် လက်ထပ်ရန် မက်ဒေါနား ပြင်ဆင်နေ

alt

မက်ဒေါနား သည် သူမ၏ နောက်ဆုံး ချစ်သူ ဂျီးဆက်လက်ဇ် နှင့် လက်ထပ်ရန် ပြင်ဆင် နေကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ဘရာဇီး ကိုယ်ဟန်ပြ မော်ဒယ် တစ်ဦးဖြစ်သော လက်ဇ် နှင့် မက်ဒေါနား တို့နှစ်ဦးသည် မကြာမီတွင် လက်ထပ်ဖွယ် ရှိကြောင်း လက်ဇ် ၏ ဖခင် လူးဝစ် ဟီတာပင် တိုဒါလက်ဇ် က ဆိုသည်။

လူးဝစ် က ၎င်း၏ သားသည် ထိုသတင်းကို ၀မ်းသာအားရ ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့သည်။ ထို့အပြင် နယူးယောက် တွင် ကျင်းပမည့် Kabbalah ပွဲတော်သို့ လက်ဇ် နှင့် မက်ဒေါနား တို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း လူးဝစ်က ပြောကြား ခဲ့သေးသည်။

၎င်းက သားဖြစ်သူ နှင့် မက်ဒေါနား တို့ လက်ထပ်ဖွယ် ရှိကြောင်း သတင်းစကားကို ဘရာဇီးထုတ် Quem မဂ္ဂဇင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ ၎င်းက လတ်တလော အခြေအနေအရ လက်ဇ် နှင့် မက်ဒေါနား တို့၏ ဆက်ဆံရေးကို တိတိကျကျ ထုတ်ဖော် ပြောဆိုရန် ခက်ခဲဦးမည် ဖြစ်သော်လည်း ၎င်းတို့ နှစ်ဦးသည် အပြန်အလှန် မြတ်နိုး ချစ်ခင် ကြကြောင်းသာ ပြောဆိုခဲ့သွားသည်။

သို့သော်လည်း မက်ဒေါနား နှင့် လက်ဇ် တို့ကမူ ထို သတင်းအတွက် တစုံတရာ မှတ်ချက်ပေးမှု အလျဉ်း မရှိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here