ဗြိတိန်ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်အား ဂျစ်ပစီတို့ ဖျက်ဆီး

alt

ဂျစ်ပစီ လူမျိုးတစုသည် ဗြိတိန်နိုင်ငံ ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် တစင်းကို ဖျက်ဆီး ခဲ့ကြကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မေလ (၁၄) ရက်နေ့ က ဆာရေး အရပ်ရှိ Fairoaks လေဆိပ်တွင် ရပ်နားထားသော ရဲ ရဟတ်ယာဉ်ကို ဂျစ်ပစီများက ပုဆိန်များဖြင့် ခုတ်ထစ် ဖျက်ဆီးပစ် လိုက်ကြသည်။ ၎င်းတို့သည် (၄)ပေ မြင့်သော လေဆိပ်နံရံကို ကျော်လွှားဝင်ရောက်ကာ ပေါင် (၅) သန်းတန်သည့် ရဟတ်ယာဉ် အား အငြိုးတကြီး ဖျက်ဆီးခဲ့ပြီး ရဟတ်ယာဉ် ထိန်းသိမ်းရေး ၀န်ထမ်းများ ကိုလည်း ခြိမ်းခြောက် ဖယ်ရှားခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ် ၏ ပြူတင်းပေါက် (၆) ခုလုံး ပျက်စီး သွားပြီး ပေါင်စတာလင် သောင်း နှင့် ချီကာ ပျက်စီး ဆုံးရှုံးကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် ဂျစ်ပစီများ၏ လှုပ်ရှား သွားလာမှုကို ရဲများက မှတ်တမ်းတင်ရန် အသုံးပြုလေ့ ရှိပြီး ဂျစ်ပစီများ လုယက် လာသည့် ပစ္စည်းများကို ၀ှက်ထားသည့် နေရာအား ခြေရာခံ ဖော်ထုတ် နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ကလဲ့စားချေ ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

ထို ရဟတ်ယာဉ်ကို အမြန်ဆုံး ပြုပြင်ပြီး လုပ်ငန်း တာဝန်များကို မြန်နိုင်သမျှ မြန်မြန် ထမ်းဆောင် နိုင်ရန် ဆောင်ရွက် သွားမည်ဟုလည်း ဆာရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here