အင်တာနက် ရှာဖွေရေးအင်ဂျင် Wolfram စတင်အသုံးပြုနိုင်

alt

Search Engine လောကတွင် Google နှင့် Yahoo တို့အား ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားသည့် Wolfram ကို Alpha အဆင့်ဖြင့် စတင်စမ်းသပ် လည်ပတ်နေပြီ ဖြစ်သည်။

မေလ (၁၆) ရက်နေ့ ညမှစပြီး Wolfram ကို စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ၀ဘ်ဆိုဒ်များ Search လုပ်ရန်သာမက Wolfram ၏ intelligence အစီအစဉ်အရ သိလိုသမျှ မေးခွန်းများကိုလည်း မေးမြန်း သွားနိုင်မည်ဟု သိရသည်။

ဗြိတိန်နိုင်ငံမှ ရူပဗေဒပညာရှင် ပရော်ဖက်ဆာ စတီဖင် ၀ူဖရမ် က ၎င်းဖန်တီးထားသည့် Search Engine နှင့်ပတ်သက်ပြီး Computational Knowledge Engine တစ်ခုအဖြစ် ခိုင်းနှိုင်း ပြောကြား သွားခဲ့သည်။ စမ်းသပ်အဆင့်တွင် Wolfram သည် မေးခွန်းပေါင်း (၃၃၁၂၇၇) ခုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သလို မေးခွန်းအလိုက် History များကိုလည်း မှတ်သား သိမ်းဆည်း ပေးထားနိုင်စွမ်း ရှိပေသည်။

ထို အကြောင်းအရာကိုပင် Google တွင် ရှာဖွေလိုက်သည့် အခါ အချက်အလက်ပေါင်း (၅၈၆၀၀၀၀) ထိ ထွက်ရှိလာ သဖြင့် Wolfram သည် Google အား အင်တာနက် Seraching ကဏ္ဍတွင် လိုက်မီသော အနေအထားမျိုး မရှိသေးပေ။

Wolfram သည် မေးခွန်းများကို ဖြေကြားနိုင်သည် ဆိုသော်လည်း မြို့နယ် တစ်ခုအတွင်း မည်သည့် စားသောက်ဆိုင်မှ အစားအသောက် ကောင်းသနည်း ? ဆိုသော ယျေဘူယျကျသည့် မေးခွန်းများကိုတော့ မဖြေကြားနိုင်ပေ။ ပရော်ဖက်ဆာ ၀ူဖရမ်ကမူ ၎င်း၏ Search Engineကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here