ရှက်ချန်ကိုအား ဒိုင်နမိုကီးယက် အသင်းမှ ပြန်လည် ခေါ်ယူရန် စီစဉ်

alt

ယူကရိန်း ကလပ် ဒိုင်နမိုကီးယက်အသင်းက ၎င်းတို့ ၏ ကြယ်ပွင့်ဟောင်း အင်ဒရီ ရှက်ချန်ကို အား ခေါ်ယူရန် စီစဉ်နေကြောင်း ကြေညာ လိုက်သည်။

ရှက်ချန်ကို သည်် ဒိုင်နမို တွင် ဘောလုံးသမားဘဝ စတင်ခဲ့ပြီး ခြေစွမ်း ပြသ နိုင်ခဲ့သဖြင့် အီတလီ ထိပ်တန်း အေစီမီလန် က ၀ယ်ယူ သွားခဲ့သည်။ မီလန်တွင် ကာလကြာရှည်စွာ ကစားပြီးနောက် အင်္ဂလန် ကလပ် ချဲလ်ဆီး သို့ ပြောင်းရွှေ့ ခဲ့ပြန်သည်။ သို့သော်လည်း လန်ဒန်မြေ တွင် ရုန်းကန် နေရသည့် ရှက်ချန်ကို အား မီလန်က အငှား ဖြင့် ပြန်ခေါ် ခဲ့သော်လည်း အသင်းတွင် ပွဲထွက် ကစားခွင့် မရခဲ့ပေ။ ဒိုင်နမိုအသင်း အနေ နှင့် ရှက်ချန်ကို ထံမှ အတွေ့အကြံုကောင်းများ ဖြင့် အသင်းကို အထောက်အကူ ပြုလိမ့် မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့ကာလ တွင် အပြီးသတ် ခေါ်ယူ နိုင်ရန် မျှော်လင့် နေသည်။

ကလပ် ဥက္ကဌ အီဂေါဆားကစ် ကလည်း အသက် (၃၂) နှစ်အရွယ် ယူကရိန်း လက်ရွေးစင် တိုက်စစ်မှူး အတွက် အမြဲတမ်း တံခါးဖွင့် ကြိုဆို နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here