ရီးရဲလ်မက်ဒရစ် နည်းပြရာထူးအား အာစင်းဝင်းဂါး စိတ်ဝင်စားနေ

alt

အာဆင်နယ် အသင်းနည်းပြကြီး အာစင်းဝင်းဂါးက ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ် နည်းပြရာထူးကို စိတ်ဝင်စားမိကြောင်း အတည်ပြု ပြောကြားလိုက်သည်။

ယခု ရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား စတုတ္ထ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သော အာဆင်နယ် အသင်းမှ ပြင်သစ်လူမျိုး နည်းပြကြီးကို ခေါ်ယူသွားရန် ပစ်မှတ် ထားနေကြောင်း ရီးရဲလ်အသင်း ဥက္ကဌ ရာထူးအတွက် ၀င်ရောက် ယှဉ်ပြိုင်နေသူ ဖလော်ရင် တီနို ပီရက်စ်က ပြောကြားထားပြီး ၎င်းသည် နောက်တစ်ကြိမ် အရွေးခံရရန်လည်း ရေပန်း စားနေသူဖြစ်သည်။

၀င်းဂါးက အာဆင်နယ်ကို မြတ်နိုးသော်လည်း ရီးရဲလ်ကဲ့သို့ အသင်းကြီး၏ နည်းပြ ဖြစ်လာခွင့်ကိုလည်း စိတ်လှုပ်ရှားမိသည်ဟု ပြောကြားခဲ့သည်။ ၀င်းဂါးသည် အရည်အချင်းရှိ နည်းပြတစ်ဦး ဖြစ်သော်လည်း အာဆင်နယ်၏ အပြောင်းအရွှေ့ ပေါ်လစီကြောင့် အသင်းအတွက် ကစားသမားကောင်းများ ခေါ်ယူနိုင်ခြင်း မရှိသလို အာဆင်နယ်သည်လည်း အောင်မြင်မှုများနှင့် ဝေးကွာနေခဲ့သည်။

ပီရက်စ်က ၎င်းအနေနှင့် ဥက္ကဌရာထူးကို ဆက်ခံနိုင်မည် ဆိုလျင် ၀င်းဂါး ကိုသာမက အာဆင်နယ် ကပ္ပတိန်လည်းဖြစ်သည့် ဖာဘရီဂက် ကိုပါ အသင်းသို့ ခေါ်ယူပေးသွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here