အီဗရာမိုဗစ်ကို ခေါ်ယူနိုင်ရန် မန်ယူ နှင့် ချဲလ်ဆီး တို့အပြိုင် ကြိုးပမ်းနေ

alt

အင်တာမီလန် တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ် ကို ခေါ်ယူနိုင်ရန် မန်ချက်စတာ ယူနိုက်တက် နှင့် ချဲလ်ဆီး တို့အပြိုင် ကြိုးစားနေကြောင်း ကစားသမား ၏ အေးဂျင့် က ပြောကြား လိုက်သည်။

အင်္ဂလန် ထိပ်တန်း အသင်းကြီး နှစ်သင်းသည် ဆွီဒင် လက်ရွေးစင် ဇလာတန် အား ခေါ်ယူနိုင်ရေး အတွက် မိမိထံ ဆက်သွယ်ခဲ့သည်ဟု အေးဂျင့် မီနိုရိုင်အိုလီ က ဆိုသည်။

အသက် (၂၇) နှစ်ရှိ ဇလာတန်သည် အင်တာနည်းပြ ဟိုဆေး မော်ရင်ညို နှင့် ဆက်ဆံရေး မပြေလည်ဟု သတင်းများ ထွက်ပေါ်လာပြီး နောက် ဥရောပထိပ်တန်း အသင်းကြီး အတော်များများက ၎င်းကို ခေါ်ယူရန် မျက်စိကျလာ ကြသည်။

အေဂျက် အသင်း ၏ တိုက်စစ်မှူးဟောင်း လည်းဖြစ်သူ ဇလာတန် သည် အင်တာ အတွက် (၃၂) ပွဲကစားပြီး (၂၁) ဂိုးသွင်းပေးထားသည့် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးလည်းဖြစ်သည်။ အင်တာမီလန် အနေ နှင့် ဇလာတန်အား ရောင်းချမည် မဟုတ်ဟု ကြေညာ ထားသော်လည်း ၎င်းအတွက် မြင့်မားသော ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်း လာပါက လက်လွှတ် ခံရဖွယ် ရှိနေသည်။

မန်ချက်စတာ ပရိသတ်များ ကမူ ယမန်နှစ် က ဘာဘာတော့ အား ပေါင်သန်း (၃၀) ဖြင့် ၀ယ်ယူခဲ့သော ဖာဂူဆန် တယောက် နောက်တကြိမ် ငွေများများ သုံးရန် ဆုံးဖြတ်မည် ဆိုသည့်အပေါ် သံသယ ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here