အော်ရီဂန်တွင် မြန်မာ လူမှုရေးအသင်း ဖွဲ့စည်းနိုင်ခဲ့ပြီ

alt

ယမန်နေ့က အော်ရီဂန် ပြည်နယ် ပို့တ်လန်းင် မြို့တွင် အမေရိကန် နိုင်ငံရောက် မြန်မာ နိုင်ငံသားများ စုပေါင်းကာ မိမိတို့ အဝန်းအဝိုင်းတွင် လိုအပ်ချက် များအား ကူညီပံ့ပိုး ဖေးမနိုင်ခြင်း အလို့ငှါ မြန်မာ လူမှုရေး အသင်းအား ဖွဲ့စည်း လိုက်နိုင်ပြီ ဖြစ်သည်။

အမှတ် ၆၅၀ ၃၉လမ်း ရှိ လူသာရန် ကွန်မြူနတီ ဆားဗစ်ရုံးတွင် ဖွင့်လှစ် ထားသော မြန်မာ လူမှုရေးအသင်းရုံး ခမ်းမတွင် မေလ ၁၆ရက် နေ့လည် (၁)နာရီတွင် ကျင်းပရာ ဖိတ်ကြား ထားသော ဧည်သည်တော်များ နှင့် ပို့တ်လန်င်း မြို့တော်ဋ္ဌာနဆိုင်ရာ အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရွေးချယ်ခံ လူမှုရေး အသင်း၏ ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ကာ မြို့တော်ဝန်ရုံးမှ ပြည်သူ့ဆက်ဆံရေး အရာရှိ မာရီယာ လီဆာ ဂျွန်ဆင်၊ လူသာရန် အေဂျင်စီမှ အော်ပရေးရှင်း မန်နေဂျာ ရေမွန်ဝီကယ်လ်၊ စပိန်ကွန်မြူနတီ မှ ဒါရိုက်တာဘုတ်အဖွဲ့မှ အန်မလီ အက်(စ်) ရိုင်ယန်၊ ပို့တ်လန်း ကျောင်းများဆိုင်ရာ ဒါရိုက်တာ ဘုတ်အဖွဲ့မှ မာတင် ဂွန်ဇာလက်(ဇ်)၊ ဘားမား အက်ရှင်မှ မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူ တာရာ ဟုမ်း နှင့် မြန်မာ့ အရေးကျွမ်းကျင်သူ အမေရိကန် စာရေးဆရာမ အီးဒစ် မရန်းတီးတို့ တက်ရောက် အမှာစကား အသီးသီး ပြောကြားကြသည်။

အခမ်းအနားအား ညနေ ၃နာရီတွင် ရုတ်သိမ်းကာ အော်ရီဂန်ရောက် မြန်မာ အသိုင်းအဝိုင်း၏ လူမှုရေး အကူအညီများအား ဋ္ဌာနေ ကွန်မြူနတီများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု လူထုအသံအား မြန်မာ ကွန်မြူနတီ ဥက္ကဋ္ဌ ဦးကင်းမန်ဇန်မှ ပြန်လည် ဖြေကြားသည်။

ထို အခမ်းအနားတွင် ယမန်နှစ်က မြန်မာ့အရေး ကု/လ ထံတောင်းဆိုရန် အမေရိကန် နိုင်ငံအား အနောက်မှ အရှေ့သို့ မိုင် ၃၀၀၀ ကျော် ခရီးရှည် လျှောက်လှမ်းခဲ့သူ ကိုအေသင် လည်း တက်ရောက်လာသည် ကိုတွေ့ရှိရပြီး၊ မရင်ရင်မြ (ခ) ရင် မောင်ဂိုမာရီ မိသားစုမှ မြန်မာ့ရိုးရာ အစားအသောက် အုန်းနို့ခေါက်ဆွဲဖြင့် အအေးများဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here