လာမည့် ဆယ်စုနှစ်တွင် ရုရှားအနေဖြင့် စွမ်းအင်စစ်ပွဲများ ဆင်နွှဲ ရဖွယ်ရှိ

alt

လာမည့် (၁၀) စုနှစ် အတွင်း ရုရှားနိုင်ငံ အနေနှင့် စွမ်းအင်ကဏ္ဍ အတွက် စစ်ပွဲများ ဆင်နွှဲ ရဖွယ်ရှိကြောင်း ကရင်မလင် နန်းတော် အသိုင်းအဝိုင်း က မေလ (၁၃) ရက်နေ့ က ပြောကြား လိုက်သည်။

နိုင်ငံအနီးရှိ အာတိတ်ဒေသမှ ရေခဲများ ပျော်ကျလာမှု နှင့် အတူ ထိုဒေသမှ စွမ်းအင်သိုက်များ ပေါ်ထွန်း လာချိန်တွင် ရုရှားနှင့် ဒေသတွင်း နိုင်ငံများကြား စိတ်ဝမ်း ကွဲမှုများ ပေါ်ပေါက် လာနိုင်ကြောင်း ရုရှား နိုင်ငံ၏ အသစ်ဖွဲ့စည်း ထားသော လုံခြံုရေး ဆိုင်ရာ မဟာဗြူဟာ အဖွဲ့က သုံးသပ်ခဲ့သည်။

ယခု လတ်တလော ဖြစ်ပွား နေတတ်သည့် ရုရှား နှင့် အခြားနိုင်ငံများ၏ နယ်နိမိတ် ဆိုင်ရာ အငြင်းပွားမှုများ သည်ပင် ဖြေရှင်းရ ခက်နေပါက ထိုကဲ့သို့ စွမ်းအင်လောင်စာ အရင်းအမြစ်များ ကို ပိုင်ဆိုင် လိုပါလျှင် စစ်ပွဲ နှင့်သာ ဖြေရှင်း ရဖွယ်ရှိပြီး (၂၀၂၀) ခုနှစ် တဝိုက်တွင် စစ်ပွဲများ ပေါ်ပေါက်လာနိုင်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

အနာဂတ် ကာလတွင် စွမ်းအင်ကဏ္ဍသည် ပိုမို အရေးပါ လာနိုင်ပြီး စွမ်းအင် ပိုင်ဆိုင်မှုအတွက် စစ်ဆင်ရေး လုပ်ငန်းများ သည်လည်း ပိုမို ဖွံ့ဖြိုးလာမည်ဟု ကရင်မလင် က သုံးသပ် ခဲ့သည်။

လက်ရှိ အချိန်တွင် ရုရှားနိုင်ငံ၏ အာတိတ်ဒေသ စွမ်းအင်ရင်းမြစ် ရှာဖွေရေး လုပ်ငန်များ အတွက် အမေရိကန်၊ နော်ဝေး၊ ကနေဒါ နှင့် ဒိန်းမတ် တို့မှာ ပြိုင်ဘက်များ သဖွယ် ရပ်တည် နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here