Intel ကုမ္မဏီအား ဒဏ်ငွေပေးဆောင်ရန် အီးယူမှ အမိန့်ချ

alt

Intel ကုမ္မဏီအား ဥရောပ ယူနီယံက အမေရိကန်ဒေါ်လာ (၁.၄၅) ဘီလျံ ဒဏ်ငွေပေး ဆောင်ရန် မေလ (၁၃) ရက်နေ့က အမိန့်ချမှတ် လိုက်သည်။

Intel အနေနှင့် ဈေးကွက်အတွင်း Micro Chip များ ရောင်းချရာတွင် မရိုးသားသော နည်းလမ်းများ အသုံးပြုခဲ့ကြောင်း ဥရောပ ယူနီယံက စစ်ဆေးတွေ့ ရှိခဲ့ပြီးနောက် ယခု ဒဏ်ငွေကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကမာ္ဘ့ အကြီးမားဆုံး Chip ကုမ္မဏီကြီး ဖြစ်သည့် Intel အား ၎င်း၏ Silicon Valley ပြိုင်ဘက် ကမာ္ဘ့ ဒုတိယအကြီးဆုံး Chip ကုမ္မဏီကြီး AMD က တရားစွဲခဲ့ပြီး လွန်ခဲ့သော (၅)နှစ်တာ ကာလအတွင်း Intel အနေနှင့် PC ဈေးကွက် အတွင်း တရားမဝင်သော အပြုအမူများဖြင့် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထို ကိစ္စကို အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင်က စစ်ဆေး နေဆဲ ဖြစ်သော်လည်း ဥရောပယူနီယံကမူ Intel တွင် အပြစ်ရှိကြောင်း သတ်မှတ်ကာ ယခုကဲ့သို့ ဒဏ်ငွေ ချမှတ် ခဲ့ခြင်းဖြစ်သည်။ Intel ကမူ ယူနီယံ၏ ဆုံးဖြတ်ချက်သည် မျှတမှု မရှိသလို နားမလည် နိုင်အောင် ဖြစ်မိကြောင်း တုန့်ပြန် ထားသည်။

ယခု ဒဏ်ငွေသည် ဥရောပယူနီယံက ချမှတ်သော ဒဏ်ကြေးများတွင် အမြင့်ဆုံး ဖြစ်လာပြီး ထို မတိုင်မီက Microsoft ကော်ပိုရေးရှင်း သည်လည်း ဥရောပ ယူနီယံ၏ ဒဏ်ကြေး ဒေါ်လာ(၁.၃)ဘီလျံ ချမှတ်ခြင်း ခံခဲ့ရဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here