Pfizer မှ ဆေးဝါးဖြန့်ဝေမှု အစီအစဉ်သစ် စတင်မည်

alt

Pfizer ကော်ပိုရေးရှင်း က ၎င်းတို့ အနေနှင့် ဆေးဝါး ဖြန့်ဝေမှု အစီအစဉ်သစ် တခုကို အစပြုတော့မည် ဖြစ်ကြောင်း မေလ (၁၄) ရက် နေ့က ကြေညာ လိုက်သည်။

ထို အစီအစဉ် အရ အလုပ် ပြုတ်လာသူများနှင့် ကျန်းမာရေး အာမခံ ရပိုင်ခွင့် ဆုံးရှုံးသူများ ကို ကော်ပိုရေးရှင်း မှ လီပီတာ နှင့် ဗီရာဂရာ ဆေးတောင့်များ အခမဲ့ ဖြန့်ဝေ ပေးသွားမည် ဟု သိရသည်။

ကမာ္ဘ့ အကြီးမားဆုံး ဆေးဝါး လုပ်ငန်းကြီး လည်းဖြစ်သည့် Pfizer က ၎င်းတို့ထံမှ ဆေးဝါး (၇၀) ကျော်မျှကို အခမဲ့ ဖြန့်ဖြူးပေးရန် စီစဉ်ထားပြီး အမေရိကန် ပြည်သူများ အနက် အလုပ်လက်မဲ့များ သို့ အဓိက ဦးစားပေးသွားမည်ဟု ကြေညာခဲ့သည်။

ဇန်နဝါရီလ (၁) ရက်နေ့ နောက်ပိုင်း အလုပ်ထုတ် ခံရသူများသည် Pfizer မှ ဆေးဝါးများကို(၃) လ အထိ အခမဲ့ ရရှိမည်ဟု ကော်ပိုရေးရှင်းကြီး ကဆိုသည်။ ကမာ္ဘ့ စီးပွား ပျက်ကပ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးမှု အမြောက်အမြား ပေါ်ပေါက်နေသည့် အမေရိကန် နိုင်ငံမှ ပြည်သူများ အတွက် ကော်ပိုရေးရှင်း က တတ်အားသမျှ ထောက်ပံ့ခြင်းဟုလည်း Pfizer မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

ဆေးဝါး ဖြန့်ဖြူးမှု အတွက် သိရှိလိုသော အခြားသော အချက်အလက်များကို http://www.PfizerHelpfulAnswers.com မှတဆင့် ကြည့်ရှု နိုင်ကြောင်းလည်း သတင်း ဖြန့်ဝေ အသိပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here