ဂျိုလီအား ဘရက်ပစ် မိဘများက ကြည့်မရ

alt

ဘရက်ပစ် ၏ မိဘနှစ်ပါး က ၎င်းတို့ အနေ နှင့် သားဖြစ်သူ ၏ ချစ်သူ အိန်ဂျယ်လီနာ ဂျိုလီ အား လုံးဝ ကြည့်မရကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

မင်းသားပစ် ၏ မိဘများ က ပစ်အား ဂျိုလီ ကို စွန့်ခွာပြီး ဇနီးသည်ဟောင်း ဂျင်နီဖာ အင်နစ္စတန် နှင့် ပြန်လည် ပေါင်းစည်းရန် တိုက်တွန်း နားချ လျှက်ရှိသည်။

ဘရက်ပစ် တို့ မိသားစုနှင့် ရင်းနှီးသူ တစ်ဦး က ဂျိုလီသည် ယောက္ခမ နှစ်ဦး နှင့် အဆင်မပြေ ကြောင်း၊ ပစ်၏ မိဘ နှစ်ပါး က သား ဖြစ်သူအား ကိန်း ရုပ်ရှင် ပွဲတော်သို့ မခေါ်သွားရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။

ပစ်၏ မိခင်ဖြစ်သူ ဂျိန်း သည် ဂျိုလီ အား လုံးဝ ကြည့်မရဘဲ ပစ် ၏ ဇနီးဟောင်း အင်နစ္စတန် ကိုသာ သဘောကျသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။ ဂျိန်း၏ အဖြစ်ချင်ဆုံး ဆန္ဒမှာလည်း ပစ် နှင့် အင်နစ္စတန် တို့နှစ်ဦး ပြန်ပေါင်း ထုပ်ရေး သာဖြစ်ကြောင်း ထိုသူက ပြောကြားခဲ့သည်။

ပစ် နှင့် ဂျိုလီ တို့တွင် ယခုအခါ မွေးစား ကလေးငယ်များ အပါအဝင် သားသမီး (၆) ဦး ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here