မန်ယူကိုစွန့်ခွာလျှင် အမှားကြီး မှားမည်ဟု တီဗက်စ်အား သတိပေး

alt

ကားလို့စ်တီဗက်စ် အနေနှင့် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာပါက အမှားကြီး မှားမည်ဖြစ်ကြောင်း မန်ချက်စတာ ၏ နာမည်ကျော် ကစားသမား ဟောင်းကြီး စတိဘရု က သတိ ပေးလိုက်သည်။

လီဗာပူး အသင်းသည် တီဗက်စ် အား ခေါ်ယူနိုင်ရန် အသည်းအသန် ကြိုးစား နေကြောင်း သတင်းများ ထွက်ပေါ် နေသလို အသက် (၂၅) နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ကလည်း လီဗာပူး သို့ ပြောင်းရွှေ့လိုကြောင်း ၀န်ခံခဲ့သည်။

သို့သော်လည်း ဘရုက အိုးထရတ်ဖို့ ကို စွန့်ခွာမည့် ဆုံးဖြတ်ချက် အတွက် တီဗက်စ် အနေနှင့် နောင်တရလိမ့်မည်ဟု ပြောကြားခဲ့သည်။ လီဗာပူးသည် အသင်းကောင်း တသင်း ဖြစ်သော်လည်း လက်ရှိ အောင်မြင်မှုတွင် မန်ချက်စတာကို မည်သို့မျှ မယှဉ်နိုင်ကြောင်း ဘရု ကဆိုသည်။

လက်ရှိ တီဗက်စ် ကြံုတွေ့နေသည့် အခက်အခဲများကို နားလည်ပါကြောင်း၊ သို့သော်လည်း တီဗက်စ် အတွက် အကောင်းဆုံး နေရာသည် မန်ချက်စတာ သာဖြစ်သည် ဟု အကြံပြု လိုကြောင်း ဘရုက ပြောကြားခဲ့သည်။ ထို့အပြင် မန်ချက်စတာ နည်းပြကြီး ဆာ အဲလက်ဖာဂူဆန် အနေ နှင့် လည်း တီဗက်စ် ကို လက်မလွှတ်ရန် ကြိုးပမ်းသင့်ကြောင်း ဘရု က အကြံပြု သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here