ဖရီဒါပင်တို နှင့် L’Oreal အလှကုန်လုပ်ငန်းတို့ စာချုပ် ချုပ်ဆို

alt

ဖရီဒါပင်တို နှင့် L’Oreal အလှကုန် လုပ်ငန်း တို့ နှစ်ဦး သဘောတူ စာချုပ်တစ်ခု ချုပ်ဆို လိုက်ပြီ ဟု သိရသည်။

အသက် (၂၄) နှစ်အရွယ် အိန္ဒိယ မင်းသမီးလေး သည် Slumdog Millionaire ဇာတ်ကား တွင် ကျော်ကြား လာခဲ့ပြီးနောက် ကမာ္ဘပေါ်တွင် ဆွဲအား အပြင်းဆုံး အမျိုးသမီး တစ်ဦး အဖြစ်လည်း ပရိသတ်များ က သတ်မှတ် လာကြသည်။ ကမာ္ဘကျော် အနုပညာရှင် အမျိုးသမီးများ အား ကုန်ပစ္စည်း ကြော်ငြာရန် Model အဖြစ် ငှားရမ်းလေ့ ရှိသည့် L’Oreal သည် ယခု အခါ ပင်တိုကို ငှားရမ်း လိုက်ပြီ ဖြစ်သည်။

ပင်တိုသည် L’Oreal၏ Model အဖြစ် တာဝန်ယူ ခွင့်ရသည့် နောက်ဆုံး Celebrity ဖြစ်လာပြီး သူမ မတိုင်မီက ဘီယွန်းဆေးနိုးလ် နှင့် ပင်နီလုပ် ခရုစ် တို့လည်း L’Oreal ၏ Model များအဖြစ် ဆောင်ရွက် ခဲ့သေးသည်။ ပင်တို က ယခုကဲ့သို့ ကမာ္ဘကျော် အလှကုန် တံဆိပ် တစ်မျိုး အား ကိုယ်စားပြုခွင့် ရခဲ့ခြင်းကြောင့် ပျော်ရွှင်ကျေနပ် မိကြောင်း၊ L’Oreal နှင့် ညှိနှိုင်း ဆောင်ရွက် ရသည်မှာ အဆင်ပြေကြောင်း ပြောကြားခဲ့သည်။

ပဲရစ် မြို့တော် အခြေစိုက် L’Oreal ကလည်း ယခု စာချုပ်အတွက် ပျော်ရွှင်မိကြောင်း၊ ပင်တို နှင့် နှစ်ဦး နှစ်ဖက် ဆက်ဆံရေး ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု ယုံကြည်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here