လီယိုနာဒို ပေးသည့် လက်ဆောင်အား တန်ဖိုးထားသည့် ကိတ်ဝင်းဆလက်

alt

ဟောလီးဝုဒ် မင်းသမီး ကိတ်ဝင်းဆလက် က သူမ လက်တွင် လီယိုနာဒို ဒီကာပရီယို လက်ဆောင် ပေးထားသည့် လက်စွပ် ကလေး ကို အမြဲ ဆင်မြန်း ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

Flare မဂ္ဂဇင်း နှင့် အင်တာဗျူး တွင် ဗြိတိန်ဖွား မင်းသမီးက သူမသည် ထို လက်စွပ် ကို ကိုယ်နှင့်မကွာ ၀တ်ဆင် ထားသည်မှာ (၁၂) နှစ်မျှ ရှိပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လက်စွပ် လေးသည် (၁၉၉၇) ခုနှစ်က သူမ နှင့် လီယိုနာဒို တို့ တွဲဖက် သရုပ်ဆောင် ခဲ့သည့် အော်စကာ (၁၁) ခုရရှိသော Titanic ရုပ်ရှင် ရိုက်ကူးနေစဉ် လီယိုနာဒို က လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

သူမတို့နှစ်ဦးသည် အလွန် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ပြီး ယမန်နှစ် က ရိုက်ကူးသော Revolutionary Road ရုပ်ရှင်တွင် ပြန်လည် တွဲဖက် သရုပ်ဆောင် ခဲ့ကြသေးသည်။ ထိုဇာတ်ကားကို ကိတ် ၏ ခင်ပွန်း ဆမ်မန်းဒက် က ရိုက်ကူး ခဲ့သည်။ ကိတ် သည် လီယိုနာဒို လက်ဆောင် ပေးခဲ့သော လက်စွပ် အား သူမ၏ လက်ထပ် လက်စွပ် နှင့် အတူ အမြဲတမ်း ၀တ်ဆင် ထားသည် ဟု ဆိုသည်။

သူမ နှင့် လီယိုနာဒို တို့သည် အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြောင်း၊ ထို လက်စွပ် ကလေးအား အမြဲ ဆင်မြန်း ထားခြင်းသည် မိမိတို့ နှစ်ဦးကြား ရင်းနှီးမှုကို တန်ဖိုးထားခြင်း လည်း ဖြစ်ကြောင်း ကိတ်က Flare သို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here