အင်တာနက်သုံးစွဲသူ ဗြိတိန်၌ Facebook အသုံးပြုမှု အများဆုံးဖြစ်

alt

ဗြိတိန်ရှိ အင်တာနက် အသုံးပြု သူများသည် Facebook ကို အများဆုံး အသုံးပြုလေ့ ရှိကြောင်း သိရသည်။

Nielsen အင်တာနက် လေ့လာရေးအဖွဲ့က ကောက်ခံသော စစ်တမ်းများ အရ Social Networking ၀ဘ်ဆိုဒ် တစ်ခုဖြစ်သော Facebook အား အင်တာနက် User များက အချိန် အကြာမြင့်ဆုံး အသုံးပြု လေ့ရှိပြီး Google၊ MSN နှင့် eBay တို့ထက် User များကို ပိုမို ဆွဲဆောင် နိုင်ကြောင်း သိရသည်။

ဗြိတိန်ရှိ User အားလုံး အင်တာနက် အသုံးပြု ခဲ့သည့် အချိန် ကာလ အားလုံး ၏ (၁၂.၇) ရာခိုင်နှုန်းသည် Facebook အတွက် ဖြစ်နေခဲ့ကြောင်း Nielsen က ဆိုသည်။ ပြီးခဲ့သော နှစ် က Facebook သုံးစွဲမှု မိနစ် အရေအတွက်သည် (၃.၈) ဘီလျံသာ ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလ တွင် (၆.၂) ဘီလျံထိ တိုးပွားလာကြောင်း Nielsen ၏ စစ်တမ်းများတွင် ဖော်ပြ ထားသည်။

Facebook နောက်တွင် MSN နှင့် Google တို့က အစဉ်လိုက် ရပ်တည် နေသည်။ Nielsen၏ သုတေသန စစ်တမ်း တွင် ဖော်ပြ ထားသည့် ဗြိတိန်တွင် လူကြည့် အများဆုံး ၀ဘ်ဆိုဒ် အခု (၃၀) စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

  • 1: Facebook
  • 2: MSN/Windows Live
  • 3: Google
  • 4: eBay
  • 5: Yahoo!
  • 6: AOL Media Network
  • 7: BBC
  • 8: YouTube
  • 9: Microsoft
  • 10: Apple
  • 11: Real Network (technology software)
  • 12: Blizzard Entertainment (video games)
  • 13: Skype
  • 14: Amazon
  • 15: Sky
  • 16: Virgin Media
  • 17: Fox Interactive Media
  • 18: EA – Electronic Arts Online
  • 19: SlashKey (virtual reality game)
  • 20: Wikipedia
  • 21: Orange
  • 22: Money Saving Expert
  • 23: Travian.com (virtual reality)
  • 24: NHS
  • 25: Tesco
  • 26: Associated Newspapers (including Daily Mail and Metro)
  • 27: News Corp. Newspapers (including The Times and The Sun)
  • 28: Nickelodeon Kids and Family Network
  • 29: King.com (games)
  • 30: Zynga (social gaming)

LEAVE A REPLY

Please enter your comment!
Please enter your name here