ဟစ်တလာ ရုပ်တုဖျက်ဆီးသူအား ဒါဏ်ငွေချမှတ်

alt

ဟစ်တလာ မုန်းတီးရေးသမား ဂျာမန်လူမျိုး ရဲအရာရှိဟောင်း ကို ဂျာမနီ တရားရုံး က မေလ (၁၂) ရက်နေ့က ဒါဏ်ငွေ ယူရို (၉၀၀) ပေးဆောင်ရန် အမိန့်ချ လိုက်သည်။

အသက် (၄၂) နှစ်အရွယ် အဆိုပါ ပုဂ္ဂိုလ် သည် ယမန်နှစ်၊ ဇူလိုင်လ အတွင်း က ဘာလင်မြို့ရှိ မဒမ်တူးဆော့ ပြတိုက် မှ အဒေါ့ ဟစ်တလာ ၏ ပုံတူ ဖယောင်းရုပ် ကို ခေါင်းပြုတ် သွားအောင် လက်စွမ်းပြ ဖျက်ဆီး ခဲ့သူဖြစ်သည်။

၎င်းက ဟစ်တလာကို အလွန်မုန်းတီးပြီး နာဇီဝါဒ ကို ဆန့်ကျင်ကြောင်း လျှောက်လဲ ခဲ့သော်လည်း ဒါဏ်ငွေတော့ ထိသွားခဲ့သည်။ မဒမ်တူးဆော့ ပြတိုက်က ဟစ်တလာသည် ဂျာမနီ နိုင်ငံသမိုင်းတွင် အဓိက ပြယုဂ်တစ်ခု ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း မည်သည့် နိုင်ငံရေး ရည်ရွယ်ချက်မှ မပါဘဲ ရုပ်တုကို ဆက်လက် ထားရှိသွားမည်ဟု ကြေညာခဲ့သည်။ ထို သူလက်ချက် ဖြင့် ခေါင်းတခြား၊ ကိုယ်တခြား ဖြစ်သွားသည့် ဟစ်တလာ ကို ပညာရှင်များက ပြန်ဆက်ပေးပြီး မှန်လုံခန်းဖြင့် ထားရှိ ခဲ့ရသည်။

ဟစ်တလာ သည် ဂျူးလူမျိုး (၆) သန်းကျော်ကို သတ်ဖြတ်ခဲ့ပြီး သမိုင်း တလျှောက် အဆိုးညစ်ဆုံး နိုင်ငံ ခေါင်းဆောင် တစ်ဦးအဖြစ် မှတ်တမ်း တင်ခံထားရ သလို ၎င်းနှင့် နာဇီ ပါတီအား ဂုဏ်တင် ပြောဆိုမှု များကို ဂျာမနီ အစိုးရက ဥပဒေ နှင့် ပိတ်ပင်ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here