တာလီဘန်တို့ အဆိပ်လက်နက် သုံးနေပြီဟု သံသယ ရှိနေ

alt

မိန်းကလေး (၈၆) ဦးကို မေလ (၁၂) ရက် နေ့က ဆေးရုံ သို့ တင်ပို့ လိုက်ရပြီးနောက် တာလီဘန် တို့သည် ကျောင်းများကို အဆိပ် လက်နက်ဖြင့် တိုက်ခိုက်နေပြီ ဟု သံသယ ဖြစ်ဖွယ် ရှိကြောင်း အာဖဂန်နစ္စတန် အစိုးရက ၀န်ခံ လိုက်သည်။

နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ကျောင်းတကျောင်း မှ မိန်းကလေး တစ်ဦး သည် သင်္ကာ မကင်းဖွယ် လဲကျသွားပြီး အပြင်းအထန် နာမကျန်း ဖြစ်လာ သောကြောင့် ကျောင်းသူ အားလုံးကို ဆေးရုံသို့ ပို့ပေးခဲ့ရခြင်းမှ ထိုသံသယ ကြီးထွားလာရခြင်း ဖြစ်သည်။ ယခု ဖြစ်ရပ်သည် တစ်ပါတ် အတွင်း အမျိုးသမီး ကျောင်းများကို တာလီဘန်တို့ အဆိပ်လက်နက်များဖြင့် တိုက်ခိုက်နေပြီဟု ယူဆရသည့် တတိယမြောက် ဖြစ်ရပ်လည်း ဖြစ်သည်။

အာ(ဖ)တပ်ဘာချီ ကျောင်း မှ ကျောင်းသူများ ၏ မိဘ (၉၈) ဦး ထက်မနည်း သည် ဆေးရုံ သို့ ရောက်ရှိ လာပြီးနောက် ဒေသဆိုင်ရာ ဆေးရုံမှ ဒုတိယအကြီးအကဲ ခါလစ်အီနာယတ် က အဆိပ် လက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ 

ပထမဆုံး အဆိပ်ဖြင့် တိုက်ခိုက်မှုသည် ပါ၀မ်မြို့ တွင် ဖြစ်ပွားခဲ့ပြီး ထိုစဉ်က အမျိုးသမီးငယ် တစ်ဒါဇင်မျှအား ဆေးရုံသို့ အရေးတကြီး ပို့ဆောင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြား လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here