အွန်လိုင်း ဖားပြုတ် အသံပြိုင်ပွဲ ဆွီဒင် ဖားပြုတ်များ အနိုင်ရ

alt

Online မှ တဆင့် ယှဉ်ပြိုင်သော ဥရောပ Bombina အသံ ပြိုင်ပွဲတွင် ဆွီဒင်နိုင်ငံမှ ဖားပြုတ်များ က အနိုင် ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုပြိုင်ပွဲသို့ ဥရောပ နိုင်ငံ အသီးသီးမှ ဖားပြုတ်များ ကို ထည့်သွင်း ဆင်နွှဲစေခြင်း ဖြစ်ပြီး မဲပေး စနစ်ဖြင့် အသံအကောင်းဆုံး နိုင်ငံ ကိုယ်စားပြု ဖားပြုတ်ကို ရွေးချယ် လေ့ရှိသည်။

ဆွီဒင်မှ ဖားပြုတ်များသည် မဲအရေအတွက် စုစုပေါင်း ၏ (၇၀) ရာခိုင်နှုန်း ကို ရရှိပြီး အသံ အအောင်ဆုံး ဖားပြုတ်များ အဖြစ် သတ်မှတ်ခံရခဲ့ပြီး မေလ (၁၁) ရက်နေ့က ကြေညာခဲ့သည့် စာရင်းအရ ဆွီဒင် ဖားပြုတ်များ သည် လစ်သူယေးနီးယား၊ ဂျာမနီနှင့် ဒိန်းမတ် ဖားပြုတ်များ ထက် အသံအောင်ကြောင်း သိရသည်။

(၂၀၀၇) ခုနှစ် ပြိုင်ပွဲတွင်လည်း အောင်ပွဲခံခဲ့သော ဖားပြုတ် အသံပြိုင်ပွဲ အတွက် သဘာဝ ဖားအော်သံများ ကို အသံသွင်း ရယူခဲ့သည့် ဆွီဒင် နိုင်ငံ၊ ဘိုဟက်ဆန် ရှိ နော်ဒန်းအက် တောရိုင်း တိရစာ္ဆန် ထိန်းသိမ်းရေး အဖွဲ့မှ ကလက်အန်ဒရန်က (၂၀၀၇) ခုနှစ်ကဆိုလျှင် မဲအရေအတွက် (၈၀) ရာခိုင်နှုန်း ရခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here