ဒုတိယကမ္ဘာ စစ်အတွင်း ဗြိတိန်လေတပ်၏ အောင်ပွဲ ခံနိုင်ခြင်း လျှို့ဝှက်ချက်

alt

ဒုတိယ ကမာ္ဘစစ် အတွင်း က ဖြစ်ပွားခဲ့သော နာမည်ကျော် လေကြောင်း တိုက်ပွဲကြီး ဖြစ်သည့် ဗြိတိန် စစ်ပွဲတွင် ဗြိတိသျှ လေတပ် အောင်ပွဲ ခံနိုင်ခဲ့ခြင်း ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က ဗြိတိန် လေတပ်မှ စပစ်ဖိုင်းယား တိုက်လေယာဉ်များ သည် အင်အား ကောင်းလှသည့် ရန်သူ ဂျာမန် လေတပ် ကို ဖြိုခွင်း အနိုင်ယူခဲ့ ကြသည်။ ထိုကိစ္စ အတွက် ဗြိတိန် တော်ဝင် လေတပ်မတော် ကို ချီးကျူး ခဲ့ကြသော်လည်း အမှန်တကယ် ဂျာမန်လေတပ် ရှုံးနိမ့် ရသည့် အဓိက အကြောင်းရင်းမှာ အမေရိကန် နိုင်ငံ မှ ဗြိတိန် တို့အား ထောက်ပံ့ခဲ့သော လောင်စာဆီကြောင့် သာဖြစ်ကြောင်း သမိုင်း သုတေသီများက ဖော်ထုတ် နိုင်ခဲ့သည်။

ထို့ အတွက်ကြောင့် ဗြိတိန် လေတပ် သမိုင်းစာအုပ်ကို ပြန်လည် ရေးသားရန်ပင် စီစဉ်နေကြောင်း သုတေသီ တစ်ဦး ဖြစ်သည့် တင်ပါလက်ကာ က ဆိုသည်။ အမေရိကန်သည် ဗြိတိသျှတို့ အသုံးပြုနေသည့် 87-Octane အစား 100-Ocatane ကို ထောက်ပံ့ ပေးခဲ့ပြီး ထို လောင်စာ က စပစ်ဖိုင်းယားများ ၏ မြန်နှုန်းကို ပိုမိုမြင့်မားစေပြီး ရန်သူ ဂျာမန်တို့၏ လက်ဖ်ဝက်ဖီ လေယာဉ်များ ကို အသာစီး ရခဲ့ကြောင်း သိရသည်။ 100-Octane ကိုသာ မရခဲ့ပါက စစ်ပွဲ အခြေအနေ သည် ပြောင်းပြန် ဖြစ်သွား နိုင်ကြောင်းလည်း လက်ကာက ဆိုသည်။

အမေရိကန် တို့ ထောက်ပံ့ခဲ့သည့် မြန်နှုန်းမြင့် လေယာဉ်ဆီများ နှင့် ပတ်သက်ပြီး သမိုင်း အထောက်အထား နည်းပါး နေခြင်းကြောင့် ဗြိတိန် လေတပ်၏ ဂုဏ်သတင်းမှာ ပိုမို ထင်ရှားခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here