မြောက်ကိုရီးယားတွင် အမေရိကန် သတင်းထောက်နှစ်ဦးအား ရုံးတင်မည်

alt

မြောက် ကိုရီးယား နိုင်ငံက ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် အမျိုးသမီး သတင်းထောက် နှစ်ဦးအား ဇွန်လ (၄) ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ လိုက်သည်။

ထို အပြုအမူသည် ဒုံးပျံ လွှတ်တင်မှုကြောင့် တင်းမာနေသည့် အမေရိကန် နိုင်ငံနှင့် မြောက် ကိုရီးယား နိုင်ငံ တို့အကြား ဆက်ဆံရေး ပိုမိုဆိုးရွား သွားစေခဲ့ပြီ ဖြစ်သည်။ တရုတ် နိုင်ငံနှင့် နယ်နိမိတ်ခြင်း ဆက်စပ် နေသည့်ဒေသ အနီးတွင် တွေ့ရှိရသည့် ကိုရီးယား နှင့် တရုတ် နိုင်ငံဖွား သတင်းထောက် နှစ်ဦး ကို မတ်လ (၁၇) ရက်နေ့က မြောက် ကိုရီးယား စစ်သားများ က ဖမ်းဆီး ခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံမှ ဒုက္ခသည်များ ထွက်ပြေးမှုကို မှတ်တမ်းတင်ရန် ထို နိုင်ငံသို့ ရောက်ရှိ နေခဲ့ခြင်း ဖြစ်သည်။

မြောက် ကိုရီးယား အစိုးရ ကမူ ကိုရီးယားဖွား အမေရိကန် သတင်းထောက် အူနာလီး နှင့် တရုတ် လူမျိုး အမေရိကန် နို်င်ငံသူ သတင်းထောက် လော်ရာလင်း တို့သည် နိုင်ငံအတွင်းသို့ တရားမဝင် ကျူးကျော် ၀င်ရောက်လာကြောင်း စွပ်စွဲ ထားပြီး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ပြောကြားထားပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here