မန္တလေးမြို့ နှစ် (၁၅၀) ပြည့် အခမ်းအနား ကျင်းပ

alt

မြန်မာ နိုင်ငံ၏ အထင်ကရ မြို့တော် တခု ဖြစ်သော မန္တလေးမြို့ တည်ထောင်သည့် နှစ်ပေါင်း (၁၅၀) ပြည့် အခမ်းအနား ကို မေလ (၁၄) ရက်နေ့က မန္တလေး မြို့တော် ခန်းမ ရှေ့တွင်ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ၏ ယဉ်ကျေးမှု မြို့တော်ကြီး အဖြစ် သတ်မှတ် ခံထားရသည့် မန္တလေးမြို့တော် နှစ်ပတ်လည် အခမ်းအနား တွင် စစ်အစိုးရ ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ငွေ နှင့် မန္တလေး မြို့တော်ဝန် ဗိုလ်ချုပ်ဖုန်းဇော် တို့က တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးလေး (၄၀၀၀) က မြန်မာ့ ရှေးခေတ်နန်းဝတ် နန်းစားများ ဆင်ယင် ထုံးဖွဲ့ပြီး အခမ်းအနားတွင် ပါ၀င် သရုပ်ဖော်ကြသည်။

ပွဲတော်တွင် ဈေးပွဲတော် နှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များလည်း ပါ၀င်မည်ဖြစ်ပြီး မေလ (၁၆) ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ နှစ်ပတ်လည် ပွဲတော်နေ့ အခမ်းအနား အား (၁၁၃) စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော နန်းမြို့ဟောင်း အတွင်း၌ပါ ကျင်းပသွားမည် ဖြစ်သည်။

ရတနာပုံဟု အမည် တွင်သော မန္တလေး မြို့တော်ကို မင်းတုန်းမင်း တရားကြီးက တည်ထား ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် မြန်မာမှု အငွေ့အသက်များ ထင်ဟပ်နေသည့် မြို့တော် တခုအဖြစ် ရပ်တည် နေဆဲဖြစ်ကာ၊ မန္တလေးမြို့ တည်ထောင်သည့် နှစ်ပေါင်း (၁၀၀) ပြည့် အခမ်းအနား ကို နိုင်ငံတော် အဆင့်အနေဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး၊ နှစ်ပေါင်း ၁၅၀ ပြည့် အခမ်းအနား ကို တိုင်း အဆင့် အခမ်းအနားဖြစ်သာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here