တရားစွဲ ခံရနိုင်သည့် မိုက်ကယ် ဂျက်ဆင် ၏ ဖျော်ဖြေပွဲ

alt

မိုက်ကယ်ဂျက်ဆင် ၏ လန်ဒန်မြို့ O2 အားကစားကွင်း ဖျော်ဖြေ ပွဲကြီးသည် ဥပဒေကြောင်း အရ တရားစွဲခံ ရမည့် အခြေအနေများ နှင့် ရင်ဆိုင် နေရကြောင်း သိရှိ ရသည်။

အသက် (၅၀) ရှိပြီဖြစ်သော ဂျက်ဆင်သည် (၁၈) လတာ ကာလအတွင်း All Good ဖျော်ဖြေရေး ကုမ္ပဏီနှင့်သာ ဖျော်ဖြေပွဲများ ပြုလုပ် သွားမည်ဟု (၂၀၀၈) ခုနှစ် အတွင်း စာချုပ်ခဲ့သော်လည်း လန်ဒန်ဖျော်ဖြေပွဲ ကျင်းပခွင့်ကို အခြား ကုမ္မဏီ တစ်ခု ဖြစ်သည့် AEG သို့ လွှဲပြောင်း ပေးခဲ့သည်။

ထိုလုပ်ရပ် ကို မကျေနပ်သည့် All Good မှ တာဝန် ရှိသူများက လန်ဒန် ဖျော်ဖြေပွဲကြီး ကျင်းပခွင့်မရအောင် တားဆီး ပိတ်ပင်သွားရန် ကြံစည် နေကြောင်း သိရသည်။ ဂျက်ဆင် ၏ မန်နေဂျာဖြစ်သူ ဖရန်ဒီလီယို နှင့် သဘောတူညီမှု အားလုံး တည်ဆောက်ခဲ့ပြီးနောက် ဂျက်ဆင် ဘက်မှ သစ္စာဖောက် ခဲ့သည်ဟု All Good က စွပ်စွဲလိုက်သည်။

All Good အနေနှင့် သဘောတူညီထားမှုများ အရ ဂျက်ဆင်၏ ဖျော်ဖြေပွဲကို (၂၀၁၀) ခုနှစ်၊ ဇူလိုင်လ အထိ ရွှေ့ဆိုင်းပေးရန် အရေး ဆိုခွင့် ရှိနေပြီး AEG သို့လည်း တရားဝင် ကန့်ကွက်စာ တစ်စောင် ရေးသား ပေးပို့ ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here