မန်ယူနှင့် ဘာစီလိုနာ အသင်းတို့၏ အယူခံများအားလုံးကို UEFA ပယ်ချ

alt

UEFA က မန်ချက်စတာ ယူနိုက်တက် နှင့် ဘာစီလိုနာတို့ ၏ အယူခံများ အားလုံးကို ပယ်ချ လိုက်ကြောင်း မေလ (၁၁) ရက်နေ့က ကြေညာလိုက်သည်။

မန်ချက်စတာက ဆီမီးဖိုင်နယ် တွင် အနီကတ်ထိ ခဲ့သည့် ကွင်းလယ်လူ ဒါရန် ဖလက်ချာ အတွက် လည်းကောင်း၊ ဘာစီလိုနာက ဆီမီးဖိုင်နယ်တွင် အဝါကတ် နှင့် အနီကတ်များ အပြခံရသော နောက်ခံ လူများဖြစ်သည့် အဲရစ်အဘီဒယ် နှင့် ဒယ်နီအဲဗက်စ် တို့ အတွက်လည်းကောင်း အသီးသီး အယူခံ ၀င်ခဲ့ကြ သော်လည်း UEFA က ပယ်ချလိုက်သည်။

ထို့ကြောင့် အဆိုပါ ဘောလုံးသမား (၃) ဦး လုံးသည် မေလ (၂၇) ရက်နေ့တွင် ကျင်းပမည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုပါ၀င် ယှဉ်ပြိုင်ပြီး ပွဲကြီးပွဲကောင်း နွှဲခွင့် ဆုံးရှုံးသွားပြီ ဖြစ်သည်။ မူလက ဖလက်ချာ အား အနီကတ်ပြ ခဲ့သည့် ဒိုင်လူကြီး ကိုယ်တိုင် က ၎င်း၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ထုတ်ဖော် ၀န်ခံ ခဲ့သော်လည်း UEFA ကမူ ဖလက်ချာ အတွက် မန်ချက်စတာ ၏ အယူခံကို ငြင်းပယ် လိုက်သည်။

UEFA က မူလ ဆုံးဖြတ် ထားသည့် ပြစ်ဒဏ်များ အားလုံး အတည်သာ ဖြစ်ပြီး ဘောလုံးသမား (၃) ဦး စလုံး ဗိုလ်လုပွဲ တွင် ယှဉ်ပြိုင်ရန် ခွင့်မပြုကြောင်း အတည်ပြု ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here