iPod နှင့်အပြိုင် Sony ၏ X Series

alt

iPod ကို ယှဉ်ပြိုင်မည့် အိတ်ဆောင် media စက်တစ်မျိုး ကို ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီး Sony က တီထွင်လိုက်သည်။

ပေါင် (၂၀၀) တန် X Series အမည်ရှိ အိတ်ဆောင် media လေး သည် (၁၉၇၀) ခုနှစ်များ နောက်ပိုင်းက အလွန် နာမည် ကြီးခဲ့သည့် Sony ၏ Walkman မျိုးဆက်သစ် ကိရိယာလေးအဖြစ် ကျွမ်းကျင်သူများ က သုံးသပ် ခဲ့သည်။

အလေးချိန် အားဖြင့် iPod ထက် ပိုမို ပေါ့ပါး သော်လည်း iPod ၏ Screen အကျယ် (၃.၅) လက်မအောက် လျော့နည်းပြီး Screen (၃) လက်မ သာရှိသည့် X Sepries သည် Apple ထုတ်ကုန် iPod Touch ကို ကောင်းစွာ ယှဉ်နိုင်မည့် အလားအလာ ရှိသည်။ OLED နည်းပညာကို အသုံးပြုထားသဖြင့် ရုပ်ထွက် အလွန်ကောင်းမွန်သော X Series သည် iPod ထက် ဘက်ထရီ သက်တမ်း ပိုကြာကြာခံပြီး iPod ထက် သာလွန် သည့် နောက်တစ်ချက် မှာ FM ရေဒီယို အစီအစဉ်များ ဖမ်းယူ နိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ဘေးထွက် ဆူညံသံများ ကို ဖျက်ဆီး ပစ်နိုင်သည့် စနစ် တခုလည်း ပါရှိသည်။

Sony ကုမ္ပဏီကမူ X Series သည် အိတ်ဆောင် media လောကတွင် အရှိန်အဝါ ကြီးနေသော iPod ၏ လွှမ်းမိုးမှုကို ဖျက်ဆီး နိုင်မည်ဟု ယုံကြည် ထားကြောင်း ကြေညာ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here