မန်ယူအသင်းမှ တီဗက်စ်အားခေါ်ယူရန် စပါးအသင်း ပြင်ဆင်နေ

alt

မန်ချက်စတာ ယူနိုက်တက် မှ ထွက်ခွာ တော့မည်ဟု သတင်းကြီး နေသော အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ် တီဗက်စ် ကို ခေါ်ယူ သွားရန် တော့တင်ဟမ် ဟော့စပါး က စတင် ပြင်ဆင် နေပြီ ဖြစ်သည်။

တော့တင်ဟမ် အသင်းသည် အသက် (၂၅) နှစ်ရှိ တိုက်စစ်မှူးအား လီဗာပူး၊ ရီးရဲလ် မက်ဒရစ်၊ ချဲလ်ဆီး၊ ဘာစီလိုနာ စသည့် အသင်းကြီးများ ထက် လက်ဦးမှု ယူကာ အရ ခေါ်သွားနိုင်ရေး တီဗက်စ် ကိုပိုင်ဆိုင်သည့် သူဌေး ထံ သို့ ပေါင် (၂၅) သန်းဖြင့် ကမ်းလှမ်း သွားရန် စီစဉ် လျက်ရှိသည်။ တီဗက်စ် သည် မန်ချက်စတာ မှ ထွက်ခွာ ဖြစ်ပါက အင်္ဂလန်တွင် ဆက်နေရန် ဆန္ဒရှိကြောင်း ၀န်ခံ ထားသူ ဖြစ်ပြီး ခြေစွမ်း ထက်မြတ်သည့် တီဗက်စ် ကဲ့သို့ တိုက်စစ်မှူး ကို အလိုရှိကြောင်း ထုတ်ဖော် ပြောဆို ထားသည့် တော့တင်ဟမ် နည်းပြ ရက်နပ် က ကြိုးစားပမ်းစား ခေါ်ယူ သွားဖွယ် ရှိသည်။

မန်ချက်စတာ နည်းပြ ဆာ အလက်ဖာဂူဆန် ကမူ ၎င်းတို့ ၏ ရှေ့တန်းလူ သည် အသင်းတွင် ဆက်ရှိမည် ဖြစ်ကြောင်း ပြောဆို ခဲ့သော်လည်း တီဗက်စ် ကမူ မန်ချက်စတာ မှ ထွက်ခွာဖွယ် ရှိကြောင်း အတည်ပြု ပြောဆို ထားသည်။

မန်ချက်စတာ သည် ခြေစွမ်း ကောင်းမွန်သည့် တီဗက်စ် ကို အပြီးသတ် စာချုပ် လိုသော်လည်း ပြောင်းရွှေ့ကြေး မြင့်မားမှု ကြောင့် လက်တွန့် နေဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here