မြောက်ကိုရီးယားအပေါ် စွပ်စွဲချက် ပြန်လည်ပြင်ဆင်ကြေညာ

alt

အမေရိကန် နှင့် တောင် ကိုရီးယား တို့က မြောက် ကိုရီးယား သည် အနုမြူလက်နက်များ ပိုင်ဆိုင်နေကြောင်း စွပ်စွဲ နေခဲ့သော်လည်း ယခုအခါ မြောက် ကိုရီးယား တွင် ပလူတိုနီယမ်ဒြပ်စင်များ ထုတ်လုပ် နိုင်သည့် အလားအလာမျိုး မတွေ့ရသေးကြောင်း ပြန်လည် ကြေညာ ခဲ့သည်။

ကမာ္ဘ့အထီးကျန် ကွန်မြူနစ် နိုင်ငံတော်တွင် နျူကလီးယား လောင်စာချောင်းများနှင့် ဖျက်ဆီးအား ပြင်းထန်သည့် လက်နက်များ ထုတ်လုပ် နိုင်မည့် ပလူတိုနီယမ်များ ပိုင်ဆိုင် ထားသည့် အထောက်အထားမျိုး မရှိကြောင်း အမေရိကန် နှင့် တောင်ကိုရီးယား တို့က ကြေညာ သည်။ မြောက်ကိုရီးယား သည် ပြီးခဲ့သော လ က ယောင်ဗြုန်းရှိ အနုမြူစက်ရုံကို ပြန်လည် အသက်သွင်း လည်ပတ် နေပြီးနောက် နျူကလီးယားလက်နက်များ ဆက်လက် ထုတ်လုပ် သွားမည်ဟု ခြိမ်းခြောက် ခဲ့သော်လည်း အမေရိကန် ဘက် မှ ယခု ကဲ့သို့ တုန့်ပြန် ခဲ့ခြင်းဖြစ်သည်။ ပြံုယမ်းအစိုးရသည် တာဝေးပစ် ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်က နျူကလီးယား လက်နက်များ ပိုင်ဆိုင် လာပြီဟု သံသယရှိလာခဲ့သည်။

သို့သော်လည်း (၂၀၀၆) ခုနှစ်ကတည်းက နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်လာသည့် မြောက် ကိုရီးယား နိုင်ငံ တွင် နျူကလီးယား ဗုံး ဒါဇင်ဝက်မျှ ထုတ်လုပ်လိုသော ဆန္ဒ သာရှိပြီး ပလူတိုနီယမ် မရှိ နိုင်ကြောင်း အမေရိကန် က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here