သာသနာ ကို ထိန်းသိမ်း ကြရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

alt

အရှေ့ အလယ်ပိုင်း ဒေသ ရှိ ဘာသာရေး ဆိုင်ရာ မြင့်မြတ်သော နယ်မြေသို့ ရောက်ရှိ နေသည့် ပုပ်ရဟန်း မင်းကြီး က ထို ဒေသ မှ ခရစ်ယန်များ အား သာသနာ ကို ထိန်းသိမ်း ကြပါရန် တိုက်တွန်း လိုက်သည်။

အသက် (၈၂) နှစ် ရှိပြီ ဖြစ်သည့် ပုပ်ရဟန်း မင်းကြီး ဘင်နီဒစ် (၁၆) က အစ္စရေး တို့ ဂျော်ဒန် ထံမှ ရယူထားသည့် မြင့်မြတ်သော နယ်မြေသို့ မေလ (၁၀) ရက်နေ့က ရောက်ရှိ ခဲ့ပြီးနောက် အစ္စရေး အစိုးရ က ကြိုဆို ခဲ့သည်။ ဘင်နီဒစ် သည် နာဇီဂျာမန်တို့လက်ထက်က ဂျူး လူမျိုး (၆) သန်းကျော် အသက် ဆုံးရှုံး ခဲ့ရသည့် ဖြစ်ရပ် နှင့် စပ်လျဉ်းပြီး လူ့ သမိုင်း တွင် အဆိုးရွားဆုံး ရက်စက်မှုကြီး ဟု လည်း ပြောကြား သွားခဲ့သည်။ ခရစ်တော် အား ဂျူး လူမျိုးများ က လုပ်ကြံ ခဲ့သည်ဟူသော အစွဲကြောင့် ဂျူး လူမျိုးများ နှင့် ကက်သလစ် တို့ကြား မုန်းတီးမှုသည် နှစ်ပေါင်း များစွာ တည်ရှိ နေခဲ့ သော်လည်း ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ် ကြောင့် ထို အခြေအနေ ကို အပြောင်းအလဲ ဖြစ်လာ စေမည် ဟု အစ္စရေး နိုင်ငံ က မျှော်လင့် ထားသည်။

ပုပ်ရဟန်း မင်းကြီး က အရှေ့ အလယ်ပိုင်း ဒေသ တွင် ဂျူး ဘာသာဝင်များ နှင့် မွတ်ဆလင် ဘာသာဝင်များ သာ အများအပြား နေထိုင် ကြသော်လည်း ခရစ်ယန် ဘာသာဝင် အချို့တို့ နေထိုင်ဆဲ ဖြစ်ကြောင်း၊ ထို သူများ သည် ဘာသာတရား ကို ကိုင်းရှိုင်းစွာဖြင့် ဆက်လက် ထိန်းသိမ်း စေလို ကြောင်း မြင့်မြတ်သော နယ်မြေ မှ တဆင့် အသံလွှင့် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here