တိုက်တန်းနစ်မှ နောက်ဆုံးကျန်သည့် အဘွားအို အတွက် ကူညီ

alt

တိုက်တန်းနစ် သင်္ဘောကြီး နစ်မြုပ်စဉ်က လွတ်မြောက် လာသူများ မှ ယခုတိုင် အသက်ရှင် နေဆဲ ဖြစ်သည့် တစ်ဦးတည်း သော အမျိုးသမီးကြီး မီဗီဒင်း အား လီယိုနာဒို ဒစ်ကာပရီယို၊ ကိတ်ဝင်းဆလက် နှင့် ဂျိမ်းကမ်မရွန် တို့က ထောက်ပံ့ ကူညီသွားကြမည်ဖြစ်သည်။

အသက် (၉၈) နှစ် ရှိပြီဖြစ်သော ဒင်းသည် သူနာပြု အကူအညီနှင့် နေရရှာသူဖြစ်ပြီး ယခုအခါ သူနာ ပြု ကြေးပေးရန် ငွေကြေး အခက်အခဲ ရှိလာပြီ ဖြစ်သောကြောင့် နာမည်ကျော် တိုက်တန်းနစ် ရုပ်ရှင် စတား (၃) ဦးက ယခုလို ပူးပေါင်း ကူညီကြခြင်း ဖြစ်သည်။ ၎င်းတို့က (၁၉၁၂) ခုနှစ် တိုက်တန်းနစ်သင်္ဘော နစ်မြုပ်စဉ်က သီတင်း (၉) ပါတ်အရွယ် ကလေးငယ် မျှသာရှိသေးသော ဒင်း အတွက် ဒေါ်လာ (၃၀၀၀၀) မတည်ကာ ရံပုံငွေအဖြစ် ထူထောင် ပေးခဲ့သည်။ ထိုငွေသည် ဒင်း၏ နောက်ဆုံး အချိန်များ အတွက် သက်သောင့် သက်သာ ဖြတ်သန်း နိုင်ရန် ကူညီပေးမည့် ငွေကြေး တစ်ရပ် ဖြစ်ကြောင်းလည်း လီယိုနာဒို က ပြောကြား ခဲ့သည်။

ဒင်းမှာ ငွေရေးကြေးရေး အကြပ်အတည်းကြောင့် ကိုယ်ရေး အထုပ္ပတ္တိစာအုပ် ထုတ်ဝေရန် စဉ်းစား ခဲ့သေးပြီး ယခုအခါ တိုက်တန်းနစ် ရုပ်ရှင် စတားများကြောင့် အသက်ရှူချောင် သွားခဲ့ ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here