US သံရုံးအရာရှိ နှင့် ဂျွန် ဝီလီယံ ယက်ထော တို့တွေ့ပြီ

alt

ဒီနေ့ ( ၁၃၊ ၀၅၊၂၀၀၉) ညနေ ၄ နာရီတွင် အမေရိကန် သံရုံး ဒုတိယအတွင်းဝန် နှင့် အခြား သံရုံးအရာရှိ တဦး စုစုပေါင်း ၂ ဦးအား ရန်ကုန် မရမ်းကုန်း အောင်သပြေ ရဲစခန်းတွင် တွေဆုံခွင့် ပေးခဲ့ကြောင်း၊ စစ် အစိုးရပိုင် ရေဒီယို မှ တရားဝင် ထုတ်ဖေါ် ပြောဆို လိုက်သည်။

အမေရိကန် သံရုံးမှ သူ၏ နိုင်ငံသား ဖြစ်သူ မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား တွေဆုံခွင့် ရရန် မေလ ၁၁ ရက်နေ့ ကတောင်းဆိုခဲ့ကြောင်းလည်း ပါရှိကာ မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်တွင် ဗီယက်နမ် စစ်ပြန်တဦးဟု ပြောဆိုထားပြီး၊ သူသည် လူအခွင့်အရေး နှင့် ညှင်းပန်း နှိပ်စက်မှုများ အတွက် စာအုပ်လုပ်ဆောင် နေသူဖြစ်ကြောင်း ပြောဆိုလိုက်သည်။

လူထုအသံမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန် အမေရိကန် သံရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း၊ သံရုံး ပြန်ကြားရေး တာဝန်ခံ အပြင်သို့ ရောက်နေကြောင်းသာ တု့ံပြန် ပြောဆိုခဲ့သည်။

မစ္စတာ ဂျွန် ဝီလီယံ ယက်ထော ( အသက်-၅၂ နှစ် ) သည် မေလ ၅ ရက် ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်း ၅း၄၅ မိနစ်တွင် ရန်ကုန်မြို့ ၆ မိုင်ခွဲအနီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ ( I.B.C ) အနီး အင်းလျားကန်တွင် ရေကူးနေစဉ် ရဲမှ တွေ့ရှိ ဖမ်းဆီးခဲ့ပြီး၊ ရဲမှ စစ်ဆေးရာ ပူအိုက်လွန်းသဖြင့် ရေဆင်း ချိုးမိကြောင်းသာ ဖြေကြားသော်လည်း၊ နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး မှ လွဲပြောင်း ယူပြီး စစ်ကြောလျှက် ရှိသည်ဟု သိရှိရသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here