ထိုင်ဝမ် လူမျိုးတစ်ဦး အိမ်သာတက်ရင်း မြွေကိုက်ခံရ

alt

ထိုင်ဝမ် လူမျိုး အမျိုးသား တစ်ဦးသည် ၎င်း၏ ကျေးလက် နေအိမ်တွင် အိမ်သာ တက်နေစဉ် မြွေကိုက် ခံရကြောင်း သတင်းများအရ သိရှိရသည်။

နန်တုန်ခရိုင်မှ အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်သာ ကမုတ်တွင် ထိုင်လိုက်စဉ် မြွေတစ်ကောင်က ၎င်း၏ အင်္ဂါအား ကိုက်ခဲထားခဲ့ကြောင်း မေလ (၁၁) ရက်နေ့တွင် ဒေသခံ မီဒီယာများက ပြောကြားခဲ့သည်။

China Times က ထိုပုဂ္ဂိုလ်သည် အိမ်သာတွင် ထိုင်လိုက် စဉ်မှာပင် ဓားနှင့် ထိုးသလို နာကျင်မှု တစ်ခု ပြင်းပြင်းထန်ထန် ခံစား လိုက်ရကြောင်း၊ ငုံ့ကြည့် လိုက်ရာ ၎င်း၏ အင်္ဂါအား မြွေတစ်ကောင်က ခဲထားသည်ကို တွေ့လိုက်ရကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြသွားသည်။

ယခုအခါ အဆိုပါ အမျိုးသားသည် ပိုလီ ခရစ်ယန် ဆေးရုံသို့ ရောက်ရှိနေပြီး ဒဏ်ရာများမှာ စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။ ဆေးရုံမှာ အမည်ထုတ်ဖော် ပြောကြားခြင်း မရှိသည့် တာဝန်ရှိသူ တစ်ဦးက လူနာ၏အင်္ဂါကို ပိုးဝင်မှု ရှိမရှိ စောင့်ကြည့်နေကြောင်း၊ မြွေတစ်ကောင်၏ ပါးစပ်သည် သန့်ရှင်းလေ့ မရှိကြောင်း ပြောကြားသွားခဲ့သည်။

ဒေသခံ သတင်း မီဒီယာများက အဝါနှင့် အနက်ကြား မြွေတစ်ကောင်၏ ပုံကို ဖော်ပြခဲ့ပြီး လယ်တောများတွင် ကျက်စားလေ့ရှိသည့် အဆိပ်မရှိသော မြွေတမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ် အပါအဝင် သမပိုင်းဇုန် နိုင်ငံများရှိ ကျေးလက်အိမ်များသို့ မြွေများ ၀င်ရောက် နေလေ့ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here