အသင်းအတွက် ငွေကြေးပိုမို အသုံးပြုရန် စတီဖင်ဂျာရတ် ပြောဆို

alt

လီဗာပူး အသင်း ခေါင်းဆောင် စတီဖင် ဂျာရတ်က လာမည့် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အသင်းအင်အား တောင့်တင်းစေရေး အတွက် ငွေကြေး အသုံးပြုကြပါရန် လီဗာပူး တာဝန် ရှိသူများကို တိုက်တွန်း လိုက်သည်။

လီဗာပူးအနေ နှင့် ယခုနှစ် ပရီးမီးယား လိဂ်တွင် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သော်လည်း မန်ချက်စတာ ယူနိုက်တက်၏ ဦးဆောင်မှုကို မတွန်းလှန်နိုင်သဖြင့် ချန်ပီယံဖြစ်ရန် အလွန်အခွင့်အရေး နည်းနေပြီဖြစ်သည်ဟု ထောက်ပြ ပြောဆိုလိုက်သည်။

မေလ(၉) ရက်နေ့က လီဗာပူးသည် ၀က်စ်ဟမ်း ယူနိုက်တက်ကို (၃-၀)ဖြင့် အနိုင် ရခဲ့သော်လည်း နောက်တနေ့တွင် မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို (၂-၀)ဖြင့် အနိုင်ယူခဲ့သောကြောင့် လီဗာပူး၏ ချန်ပီယံ မျှော်လင့်ချက်များမှာ မှုန်ဝါး လာခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် မန်ချက်စတာသည် နောက်(၃) ပွဲတွင် (၄)မှတ် ရရုံဖြင့် ဗိုလ်စွဲတော့မည် ဖြစ်သည်။

၀က်စ်ဟမ်း နှင့် ပွဲအပြီးတွင် ဂျာရတ်က ယခုနှစ်အတွင်း မိမိတို့အနေနှင့် ခြေစွမ်းပြနိုင် ခဲ့သော်လည်း လိုအပ်သော အောင်ပွဲမျိုး မရနိုင်ခဲ့ကြောင်း၊ ထိုအခြေအနေကို ပြောင်းလဲပစ်ရန် ကစားသမားကောင်းများ ထပ်မံဖြည့်တင်း သင့်ကြောင်း အသင်းဘုတ်အဖွဲ့ သို့ တောင်းဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here