နာဆာ ၏ အန္တရာယ်အများဆုံး အာကာသ ခရီးစဉ်

alt

ဟာဘယ် နက္ခတ်ကြည့် မှန်ပြောင်းကြီးအား ပြုပြင်ရေး အတွက် စေလွှတ်လိုက်သော အတ္တလန်တိတ် လွန်းပျံယာဉ် ခရီးစဉ်သည် အလွန် အန္တရာယ်များသည့် ခရီးစဉ် တခု ဖြစ်ခဲ့ရကြောင်း နာဆာ အဖွဲ့ကြီးက ၀န်ခံ လိုက်သည်။

မေလ(၁၁) ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ပျံသန်း ထွက်ခွာသွားသည့် အတ္တလန်တိတ် လွန်းပျံ ယာဉ်တွင် အမေရိကန် ရေတပ်မှ လေယာဉ်မှူးဟောင်း စကော့ဒ် အော်လ်မန်က ဦးဆောင်သွားပြီး စုစုပေါင်း အဖွဲ့ဝင် (၇)ဦး လိုက်ပါ သွားခဲ့သည်။

အဆိုပါ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဟာဘယ် မှန်ပြောင်းကြီးကို (၅) ကြိမ်မြောက် ပြုပြင်ရန် အတွက်ဖြစ်ပြီး မြေမျက်နှာပြင် အထက် မိုင်ပေါင်း (၃၅၀) တွင် ပြင်ဆင်မှုများ ပြုလုပ် ရမည်ဖြစ်သည်။ ယခင်က မည်သည့် လွန်းပျံယာဉ်မျှ ကမာ္ဘမြေအထက် မိုင် (၂၅၀) အထက်သို့ မတက်ခဲ့ဖူးသောကြောင့် ယခုလုပ်ငန်းသည် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေတွင် ရှိကြောင်း နာဆာကဆိုသည်။

အတ္တလန်တိတ် လွန်းပျံယာဉ် တစုံတရာ အဆင်မပြေခဲ့ပါက ထပ်မံ လွှတ်တင်ရန် အန်ဒယ်ဗား လွန်းပျံယာဉ်ကိုလည်း အဆင်သင့် ပြင်ထားသော်လည်း လွှတ်တင်စဉ်တွင် မပြောပလောက်သော ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့သည်ဟု နာဆာက ထုတ်ဖေါ် ဝန်ခံလိုက်သည်။

သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သည့် ဟာဘယ် မှန်ပြောင်းကြီးသည် ကမာ္ဘကို ပတ်လမ်းအတိုင်း အကြိမ်ပေါင်း (၉၇၀၀၀) ကျော် ပတ်ခဲ့ပြီး ဓာတ်ပုံပေါင်း (၆)သိန်းကျော်မျှ ရိုက်ကူး ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

 

 

alt

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here