နှစ်ပေါင်းရာချီ သက်တမ်းရှိ သရဲခြောက်သည့် ဟိုတယ်ပျက်အား လေ့လာမည်

alt

သရဲ တစ္ဆေဆိုင်ရာ လေ့လာသူများသည် နှစ်ပေါင်း (၁၈၀)ကျော်မျှ သက်တမ်း ရှိပြီဖြစ်သည့် ဟိုတယ်ပျက်ကြီး တခုဖြစ်သော အရက်ဘား အဟောင်း တခုကို လေ့လာမှုများ ပြုလုပ်ရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

နယူး မက္ကစီကိုရှိ အဆိုပါ ကူချီလို အရက်ဘားကို ပိုင်ဆိုင်သူမှာ ဂျို့စ်ဘွန်း ဆိုသူ တစ်ဦးဖြစ်ပြီး ၎င်းသည် ထိုဘား အပျက်ကြီးထဲ ရောက်ရှိနေစဉ် မီးဖိုများ အလိုအလျောက် မီး ထတောက်ခြင်း၊ တံခါးများ အဖွင့်အပိတ်လုပ်သည့် အသံများကို ကြားရခြင်း စသည်တို့နှင့် ကြံုတွေ့ ရသော်လည်း လူတစ်ဦးမျှ မတွေ့ရှိခဲ့ရပေ။

ကြောက်လန့်နေသော ဘွန်းသည် ထိုဘားကိုစွန့်ခွာပြီး အနောက်ဘက် ကမ်းခြေ တစ္ဆေနှင့် ၀ိဉာဉ်ဆိုင်ရာ လေ့လာသူများ အဖွဲ့သို့ အကြောင်းကြားခဲ့၍ ဘွန်းက တစ္ဆေများ ၎င်း၏ နားအနီးကပ်ပြီး တိုးတိုးပြောသည့် အသံမျိုးကိုပင် ကြားခဲ့ရကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

WCGAPS ဆိုသည့် အဖွဲ့မှ ထိုကိစ္စအပေါ် စုံစမ်းရန် တာဝန်ယူခဲ့ကြောင်း အဖွဲ့ကို တည်ထောင်သူ တစ်ဦးဖြစ်သည့် အန်ဒီရိုက်စ်က ဆိုသည်။ ထိုအဖွဲ့သည် (၁၃)နှစ် မျှကြာအောင် နိုင်ငံတဝှမ်းရှိ သရဲခြောက်သည် ဆိုသော နေရာများကို လိုက်လံ လေ့လာနေသည့် အဖွဲ့ ဖြစ်သည်။

ရိုက်စ် ကမူ အဖြစ်အပျက် အားလုံး၏ (၅) ရာခိုင်နှုန်းကိုသာ အဖြေ ရှာမရခဲ့ဘဲ ကျန်ကိစ္စများမှာ လျှပ်စစ် သံလိုက်လှိုင်းများ၊ ၀ါယာကြိုး ဆက်သွယ်မှု အမှားအယွင်းများ အပါအဝင် အခြားသော ပြစ်ချက်များကြောင့် ဖြစ်တတ်ခြင်းဟု ပြောကြားခဲ့ပြီး ယခု အရက်ဘား ပြဿနာကိုလည်း အသေးစိတ် လေ့လာသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here