အစားအသောက်ဖြင့် ခန္ဓာကိုယ်အလှ ကို ဂျက်စီကာ အယ်လ်ဘာ ထိန်းသိမ်း

alt

ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်း ထားနိုင်ရန် ဂျက်စီကာ အယ်ဘာ တစ်ယောက် အစားအသောက် ကို ထိန်းသိမ်း စားသောက် နေကြောင်း သိရှိရသည်။

လွန်ခဲ့သည့် (၁၀) လက သူမ၏ သမီးဦးလေး ကို မွေးဖွားထားသော အသက် (၂၇) နှစ် အရွယ် မင်းသမီးသည် ကလေးမွေးပြီး ကိုယ်အလေးချိန် တိုးမြှင့် တက်လာမှု ကို ချေဖျက်နိုင်ရန် အစားအသောက်ကို ဂရုတစိုက် ဆင်ခြင်လျှက် ရှိနေရသည်။

သူမ အနေနှင့် စိတ်တိုင်းကျ အစား အသောက်များကို မစားသောက်မိအောင် ထိန်းချုပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားများကိုသာ စားသောက်ပြီး သွယ်လျ လှပသော ခန္ဓာကိုယ် အချိုးအစား ကို တည်မြဲနေစေရန် ကြိုးစားလျှက် ရှိသည်။

ဂျက်စီကာသည် အစားအသောက် ညွှန်ကြားမှုဆိုင်ရာ ကိုယ်ရေး ပညာရှင်တစ်ဦးကိုပင် ခန့်အပ်ထားပြီး ပရိုတိန်း အမျိုးမျိုး၊ အမြှင် ဓာတ်ပါသော အစားအစာများ နှင့် ကျန်းမာရေး အထောက်အကူပြု Snack များကိုသာ စားသောက်လေ့ရှိပြီး တခါတရံတွင် အဆီလျှော့ ထားသည့် ချိစ် အနည်းငယ် နှင့် ပန်းသီးများကို စားလေ့ရှိကြောင်း သိရသည်။

မင်းသမီး တစ်ဦး အနေနှင့် ခန္ဓာကိုယ် အလှအပကို ဂရုစိုက်ရမည့် တာဝန်ရှိကြောင်း ဂျက်စီကာ က ပြောကြား ခဲ့သည်။ သူမသည် တစ်နေ့လျှင် နာရီဝက်မျှ ကျန်းမာရေး ပြင်းပြင်းထန်ထန် လုပ်လေ့ရှိပြီး ခန္ဓာကိုယ်သွယ်လျ စေရန် ကြိုးစား နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here