ဒေါ်စု အတွက် ဥရောပ သမဂ္ဂလည်း တောင်းဆို

alt

ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်ပြီး ယနေ့ မေလ ၁၃ရက် တွင် ဥရောပသမဂ္ဂ ဥက္ကဌ မှနေ၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကိုယ်စား ကြေညာချက်ထုတ် ပြန်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး နှင့် သူမ၏ သမားတော် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံ ခဲ့ရခြင်းများ အပေါ် အထူး စိုးရမ်မိပါကြောင်း အစချီထား သည်ကို တွေ့ရှိရသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အား အထိရောက်ဆုံး၊ အမြန်ဆုံး ဆေးဝါးကုသခွင့် ရရှိစေရန်၊ သူမ၏ ရှေ့နေ နှင့် လည်း တွေ့ဆုံခွင့် ပြုရန်စသည့် အာမခံချက်များ အပါအဝင်၊ ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးထားမှုသည် နိုင်ငံတကာ ဥရောပများ အရပါ တရားမဝင်သည့် အပြင်၊ မကြာမှီ ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မည့် အကျယ်ချုပ် သက်တမ်း ကာလအပြီး ကန့်သတ်ချုပ်ချယ်မှု မရှိဘဲ လွှတ်ပေးရန် ဥရောပသမဂ္ဂ ဥက္ကဌ မှနေ၍ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား တောင်းဆိုလိုက်သည်။

ထိုအတူ မတရား အကျဉ်းကျ ညှင်းပန်း ခံနေရသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရန် နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ဆေးကုသခွင့် အမြန်ဆုံး ရရှိစေရန် အတွက် တောင်းဆိုကြောင်း ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here