ဉာဏ်ရည်ထက်သော အမျိုးသမီးများ လိင်မှု ကိစ္စတွင် ပိုမို ကောင်းမွန်

alt

လှပသော အမျိုးသမီးများ ထက် ဉာဏ်ရည် ထက်မြက်သော အမျိုးသမီးများက လိင်မှု ကိစ္စတွင် ပိုမို ကောင်းမွန်သော အခြေအနေမျိုးသို့ ပေးစွမ်း နိုင်သည်ဟု သုတေသီများ က ဖော်ထုတ် လိုက်သည်။

သုတေသန စစ်တမ်းများ အရ ဉာဏ်ကောင်းသော အမျိုးသမီးများသည် လိင် စိတ်ဆိုင်ရာ ပိုမို ထက်သန်လာအောင် လှုံ့ဆော် နိုင်စွမ်းရှိကြောင်း သိရသည်။

လန်ဒန် ဘုရင့်တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သည့် တင်စပက်တာ က စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ပေးစွမ်း နိုင်ခြင်းသည် အိပ်ယာဝင် ကိစ္စအပါအဝင် ဘဝ၏ ကဏ္ဍအသီးသီး အတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။

၎င်းသည် အမြွှာညီအစ်မ (၂၀၀၀)ကျော်၏ လိင် အာရုံခံစားမှု ဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ လေ့လာခဲ့ရာ ဉာဏ်ရည် အလိုက် အမြွှာညီအမ ချင်းတွင်ပင် ထက်သန်မှု ကွဲပြားကြောင်း တွေ့ရှိ ခဲ့ရသည်။

အချို့သော အမျိုးသမီးများသည် လိင်မှု မှီဝဲရာတွင် အဆင်မပြေမှုများ ကြံုနေရသည့်တိုင် သူမထက် ဉာဏ်ကောင်းသည့် အမြွှာအမျိုးသမီးက ကျေနပ်နှစ်သက်ဖွယ် ရလဒ်များကို ပိုင်ဆိုင် နေတတ်ကြောင်း စပကါတာ က ဆိုသည်။

အခြားသော စမ်းသပ်ချက် အတော်များများမှလည်း ဉာဏ်ရည် ထက်မြက်သည့် အမျိုးသမီးများသည် အိပ်ခန်းအတွင်း ပိုမို သဘောခွေ့စရာ အခြေအနေများကို ပိုင်ဆိုင်လေ့ရှိကြောင်း ထောက်ခံခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here