အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ထပ်မံ ရွှေ့ဆိုင်း

alt

ထိုင်းအစိုးရ က ဇွန်လ အတွင်း ဖူးခက် တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားရန် စီစဉ်ထားမှုကို အောက်တိုဘာလ အထိ ထပ်မံ ရွှေ့ဆိုင်း လိုက်ကြောင်း ထိုင်း အစိုးရမှ ယနေ့ ဗုဒ္ဓဟူးနေ့တွင် တရားဝင် ကြေညာ လိုက်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ ဖူးခက် (Phuket) အပန်းဖြေ စခန်းတွင် ကျင်းပရန် စီစဉ်ထားသော အရှေ့တောင် အာရှနိုင်ငံများ အသင်း၏ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ထိုင်း စစ်တပ်မှ လုံခြံုရေးအတွက် တာဝန်ယူမည်ဟု ကြေညာထားပြီး၊ ၎င်း အစည်းအဝေးအား ဇွန်လအတွင်း ကျင်းပရန် စီစဉ်ရာ တက်ရောက်မည့် အာဆီယံနိုင်ငံ များမှ ခေါင်းဆောင် ၁၀ ဦး အပြင် အာဆီယံ၏ မဟာမိတ် ၆ နိုင်ငံမှ ခေါင်းဆောင်များသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ရွေးကောက်ပွဲများ၊ ပြည်ပ ခရီးစဉ်များ စီစဉ်ထားပြီး ဖြစ်သောကြောင့် လည်းကောင်း၊  အများထင်ကြေး ပေးနေသော ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် လိုလားသည့် အနီဝတ် ဆန္ဒပြသူများနှင့် နိုင်ငံအတွင်း လုံခြုံရေး အခြေအနေများကြောင့် မဟုတ်ရပါဟု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုင်ဆစ် က သတင်းထောက်များအား ရှင်းပြ ပြောဆိုလိုက်သည်။

မူလက စီစဉ် ထားသည့် ဇွန်လ ၁၃၊ ၁၄ ရက် များတွင် မဖြစ်နိုင်တော့သည့် အတွက် မကြာမှီ ရက်ပိုင်း အတွင်း အာဆီယံနိုင်ငံ အရာရှိများ နှင့် တွေ့ဆုံ အဖြေရှာသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဖြစ်လာနိုင်သည့် အခြေအနေ ၂ ရပ်အနက် တခုမှာ ဂျူလိုင်လ နှောင်းပိုင်း နှင့် ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပဖို့ရှိသည့် အောက်တိုဘာလ ကာလအထိ ဖြစ်ကြောင်း၊ သိုသော်လည်း ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ပြောဆိုလိုက်သည်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် တာဝန်ယူသည့် နိုင်ငံတိုင်း တနှစ်လျှင် နှစ်ကြိမ်ကျ အာဆီယံ ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိပေမယ့် ဧပြီလ အတွင်းက ဖြစ်ပေါ်ခဲ့သည့် ထိုင်း နိုင်ငံ၏ ပြည်တွင်းရေး မငြိမ်သက်မှု အခြေအနေများကြောင့် ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအား ယခုလို ထပ်မံ ရွှေ့ဆိုင်းဖို့ အခြေအနေတွေ ဖြစ်လာရခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်၏။

ထိုင်း ဒုဝန်ကြီးချုပ် ဆူသက် သောင်ဝ်စူဘန်  က ဒီထိပ်သီး အစည်းအဝေးကို တက်ရောက်မယ့် အာဆီယံနိုင်ငံက ခေါင်းဆောင် ၁၀ ဦးအပြင် အာဆီယံရဲ့ မဟာမိတ်နိုင်ငံ ၆ နိုင်ငံက ခေါင်းဆောင်တွေကို လုံခြံုရေး နဲ့ ပတ်သက်ပြီး စိတ်ချဖို့ ကြေညာထား ပြီးသားလည်း ဖြစ်ပါတယ်ဟု ဖြည့်ဆောင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here