ပရိသတ်အား ထိုးကြိတ်မှု စွဲချက်မှ Snoop Dogg လွတ်မြောက်

alt

ပရိသတ် တစ်ဦးအား ထိုးကြိတ် ခဲ့သည်  ဆိုသော စွဲချက်များ အတွက် Rap အဆိုတော် Snoop Dogg တွင် အပြစ်မရှိကြောင်း တရားရုံး က ဆုံးဖြတ် လိုက်သည်။

(၂၀၀၅) ခုနှစ်က ဂီတပွဲ တစ်ခု အတွင်း Snoop Dogg က ၎င်းအား တိုက်ခိုက်ခဲ့ပါသည်ဟု ဆိုကာ ရစ်ချတ်မွန်ရိုး ဆိုသူ တစ်ဦးက လျော်ကြေးပေါင် (၁၅) သန်းထိ တောင်းခံခဲ့သော်လည်း တရားရုံးက Snoop Dogg တွင် အပြစ်မရှိကြောင်း ဆုံးဖြတ် ပေးလိုက် သည်။

မွန်ရိုးက နာမည်ကျော် Rapper ဖျော်ဖြေနေစဉ် စတိတ်ပေါ်သို့ ၎င်း ခုန်တက်ခဲ့ကြောင်း၊ ထိုအခါ Snoop Dogg က မိုက်ကရိုဖုန်း နှင့် ရိုက်ခဲ့သလို လက်သီးဖြင့်လည်း ထိုးကြိတ်ခဲ့သဖြင့် ဒဏ်ရာ ရခဲ့ကြောင်း စွပ်စွဲ ခဲ့သော်လည်း Snoop Dogg က မွန်ရိုးကို မတိုက်ခိုက် ခဲ့ကြောင်း၊ လုံခြံုရေး ၀န်ထမ်းများ က သာ ၎င်းအား စင်အောက် သို့ ဆွဲချခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

တရားရုံးက မွန်ရိုး သည် နာမည်ကြီးချင်သဖြင့် Snoop Dogg အား အသုံးချခြင်းသာ ဖြစ်ကြောင်း မှတ်ချက်ပြုပြီး အမှုကို ရုတ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here