ဗြိတိန်တွင် အမျိုးသမီးငယ်များ ကိုယ်ဝန်ဖျက်ချမှု စံချိန်တင် မြင့်တက်

alt

ယမန်နှစ် အတွင်း အသက် (၁၈) နှစ်အောက် အမျိုးသမီးများ ကိုယ်ဝန် ဖျက်ချမှုနှုန်းသည် ဗြိတန် နိုင်ငံအတွင်း စံချိန်တင် မြင့်တက် ခဲ့ကြောင်း သိရှိရသည်။

ဆယ်ကျော်သက် အရွယ် အမျိုးသမီးများ ကိုယ်ဝန် ရှိမှုသည် အရေအတွက် (၄၀၀၀၀) ကျော်မျှ ရှိခဲ့ပြီး ထက်ဝက်ကျော် သည် ကိုယ်ဝန် ဖျက်ချခဲ့ကြောင်း စစ်တမ်းများတွင် ဖော်ပြ ပါရှိခဲ့သည်။

ဗြိတိန် အစိုးရ အနေနှင့် ဆယ်ကျော်သက်များ လိင် ဆက်ဆံမှု ပညာပေး အစီအစဉ် အတွက် ပေါင်စတာလင် သန်း (၃၀၀) မျှ ယမန်နှစ် အတွင်းက သုံးစွဲခဲ့ သော်လည်း ထိရောက်သော အောင်မြင်မှုများ မရရှိသေးကြောင်း သက်ဆိုင်ရာ တာဝန် ရှိသူများက ၀န်ခံ ခဲ့ကြသည်။

အထူးသဖြင့် အမျိုးသမီးငယ်များ သည် ကာကွယ်မှုဆိုင်ရာ ကိစ္စများတွင် ဂရုစိုက်ရန် ၀န်လေး နေတတ်ပြီး မဖုံးနိုင်မဖိနိုင် ဖြစ်လာ ကြသည့် အခါတွင်မူ ဖျက်ချရန်သာ ချက်ချင်း လိုလို ဆုံးဖြတ် တတ်ကြကြောင်း သိရသည်။ လိင်ဆိုင်ရာ ပညာပေးမှုများကို မည်သည့် အတိုင်းအတာထိ လုပ်ဆောင် သွားရမည်ကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများ အနေနှင့် ယခုတိုင် ဝေခွဲမရ ရှိနေကြဆဲဟု သိရသည်။

ဗြိတိန် နိုင်ငံရှိ ဆယ်ကျော်သက်များ ကိုယ်ဝန် ဖျက်ချမှုနှုန်း အများပြားဆုံး ဒေသများမှာ အင်္ဂလန် နှင့် ဝေလ တို့ဖြစ်ကြောင်းလည်း သတင်းများ အရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here