ဂိမ်းကုမ္ပဏီ တစ်ခုအား ၀ယ်ယူရန် မိုက္ကရိုဆော့ဖ် စီစဉ်နေ

alt

Microsoft ကုမ္ပဏီကြီးသည် ကနေဒါ အခြေစိုက် ဂိမ်းကုမ္ပဏီ တစ်ခုဖြစ်သည့် BigPark ကို ၀ယ်ယူရန် စီစဉ် နေကြောင်း သိရသည်။

နာမည်ရ Online ဂိမ်း ကုမ္မဏီ တစ်ခု ဖြစ်သော BigPark သည် ကနေဒါ နိုင်ငံ၊ ဗန်ကူးဗား မြို့တွင် တည်ရှိ၍ Microsoft က BigPark ၏ စွမ်းဆောင်ရည်များ ကို ယုံကြည် စိတ်ချသဖြင့် Microsoft ၏ ဂိမ်းစတူဒီယို အတွင်း ထည့်သွင်းသွားရန် ဆန္ဒရှိနေကြောင်း ကြေညာခဲ့ပြီး ထို ပူးပေါင်းမှုသည် Xbox 360 ဂိမ်းစက်များ အား ပိုမို အဆင့်မြင့် လာစေမည်ဟု Microsoft က ယုံကြည်နေသည်။

သို့သော်လည်း Software ထုတ်လုပ်ရေး ဧရာမကုမ္ပဏီကြီးက BigPark ကို မည်၍ မည်မျှသော ဈေးနှုန်းဖြင့် ၀ယ်ယူမည်ကို ပြောဆိုခြင်း အလျဉ်းမရှိပေ။ BigPark သည် (၂၀၀၇) ခုနှစ်ကမှ စတင် တည်ထောင်ခြင်း ဖြစ်သော်လည်း FIGA Soccer နှင့် NBA Street ကဲ့သို့ နာမည်ကျော်ဂိမ်း များအား ရေးဆွဲခဲ့သည့် ပညာရှင်များ ပူးပေါင်းပါ၀င် ဖွဲ့စည်းထားခြင်းဟု သိရှိရသည်။

Microsoft သည် BigPark ကို ၀ယ်ယူခြင်းဖြင့် ဈေးကွက် ပြိုင်ဘက်များ ဖြစ်သည့် Sony ၏ Play Station 3 နှင့် Nintendo ၏ Wii ဂိမ်းစက်များ အပေါ် ကျော်လွှားအနိုင်ယူ နိုင်ရန် ယုံကြည် လျှက်ရှိသည်ဟု ဂိမ်း ကစားသူများမှ ထင်ကြေး ပေးလျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here