အဖမ်းခံခဲ့ရသည့် ဖြစ်ရပ်အတွက် ပရိသတ်အား လက်ဒလေ ကင်း တောင်းပန်

alt

ရန်ပွဲ တခုတွင် ပါ၀င်ခဲ့သဖြင့် အဖမ်းခံရသော တော့တင်ဟမ် ဟော့စပါး နောက်ခံလူ လက်ဒလေ ကင်း က ၎င်း၏ လုပ်ရပ်အတွက် အသင်းနှင့် ပရိသတ်အား ပြန်လည် တောင်းပန် ခဲ့သည်။

မေလ (၁၀)ရက်နေ့ နံနက် အစောပိုင်းက လန်ဒန်မြို့လယ် နိုက်ကလပ် တခုရှိ ရန်ပွဲတွင် ပါ၀င်ခဲ့သော ကင်းအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထားပြီးနောက် အာမခံဖြင့် ပြန်လွှတ် ပေးခဲ့သည်။

ထိုစဉ်က ကင်းသည် “မင်းတို့ ငါ့ကို မသိဘူးလား။ ငါက ပရီးမီးယားလိဂ် က ဘောလုံးသမား လက်ဒလေ ကင်းကွ”ဟု အော်ဟစ် နေခဲ့သေးကြောင်း မျက်မြင်များက ဆိုသည်။ အသက် (၂၈)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဘောလုံးသမား က ဖြစ်ပွားခဲ့သည့် ကိစ္စအတွက် ရှက်မိ ကြောင်း ၀န်ခံ ခဲ့သည်။

ထိုဖြစ်ရပ် အတွက် အသင်းမန်နေဂျာ ဟယ်ရီရက်နပ် ကို တောင်းပန်ခဲ့ကြောင်း၊ ထို့အပြင် ပရိသတ်ကိုလည်း ထပ်မံ တောင်းပန်ပါကြောင်း ကင်းက ကလပ်အသင်း ၀ဘ်ဆိုဒ် မှ ပြောကြား ခဲ့သည်။

တော့တင်ဟမ် ကမူ ၎င်းတို့၏ အသင်းခေါင်းဆောင် အား အရေးယူ မယူ မဆုံးဖြတ် ရသေးကြောင်း ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here