ဆီချွမ်ငလျင် တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

alt

ယမန်နှစ် အတွင်းက ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး အတွက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ အဖြစ် မေလ (၁၂) ရက်နေ့တွင် ငလျင်ဘေးမှ အသက်ရှင် လွတ်မြောက် လာသူ များစွာသည် ဆီချွမ်ခရိုင်တွင် စုရုံး

ရောက်ရှိ ခဲ့ကြသည်။

သမတ ဟူကျင်တောင် အပါအဝင် အမျိုးသား ခေါင်းဆောင်များ သည် လူပေါင်း(၉၀၀၀၀)မျှ သေကြေ ပျောက်ဆုံးခဲ့ပြီး လူ(၅)သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေသည့် ငလျင်ကြီး၏ နှစ်ပတ်လည် အခမ်းအနား သို့ တက်ရောက်ရန် ပြင်ဆင် ထားကြောင်းလည်း သိရသည်။

ကွန်မြူနစ် ပါတီ၏ တရားဝင် သတင်းစာ ဖြစ်သည့် People Daily က ရဲရင့်သော တရုတ်နိုင်ငံသား သူရဲကောင်းများ အတွက် အောင်ပွဲ ရရှိရေးသည် ခက်ခဲနေဆဲပင် ဖြစ်ကြောင်း ၀မ်းနည်း သဝဏ်လွှာ အဖြစ် ရေးသား ဖော်ပြ ခဲ့သည်။

ဆီချွမ်ငလျင်ကြောင့် ကျောင်းပေါင်းထောင် နှင့် ချီပြီး ပြိုကျပျက်စီးခဲ့သလို ကျောင်းသူ ကျောင်းသား အမြောက်အမြားလည်း အသက် ဆုံးရှုံးခဲ့ကြရှာသည်။ ထိုအခြေအနေသည် ယခုတိုင် ကုစားရ ခက်ခဲသော စိတ်ဒဏ်ရာအဖြစ် ကျန်ရှိနေဦးမည်ဖြစ်ကြောင်း People Daily က ရေးသား ထားခဲ့သည်။

ငလျင်ဒါဏ်ခံ ပြည်သူများ သည် ငလျင်ကြီး ဖြစ်ပွားမှု ကြေကွဲဖွယ် အခမ်းအနား တွင် ဆုတောင်းပွဲများ ပြုလုပ် သွားရန် စီစဉ် ထားကြ ကြောင်းလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here