ဖြောင့်ချက်ကြောင့် ထောင်ဒါဏ် ၃ နှစ်ထိ ကျခံ ရနိုင်သည့် ဒေါ်စု

alt

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား နေအိမ်ခြံဝင်း အတွင်းသို့ ၀င်ခွင့် ပြုခဲ့ခြင်း နှင့် ညအိပ် ခွင့်ပြုခဲ့သည် ဟု ထွက်ဆို ဖြောင့်ချက် ပေးခဲ့ပါက ကန့်သတ်ချက်

ဖေါက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒါဏ် (၃) နှစ် အထိ ကျခံ ရနိုင်ဖွယ် ရှိသည်ဟု မြန်မာ စစ်အစိုးရ ဖန်တီးထားသည့် အင်တာနက် စာမျက်နှာမှ ၁၃.၅.၀၉ ရက်စွဲဖြင့် ၁၂ရက်နေ့ ည ၉ နာရီတွင် လွှင့်တင် ထားကြောင်း သိရှိရသည်။

အဆိုပါ သတင်းတွင် ဒေါ်အောင်းဆန်းစုကြည် အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင်များ က ဝေဖန်ပြီဟု အစ ချီထားခဲ့ကာ၊ (၁၁-၅-၀၉) ရက်နေ့ (၁၃၀၀) မှ (၁၄၃၀) ချိန်ထိ ဗဟန်းမြို့နယ်ရှိ NLD ပါတီ ဌာနချုပ်ရုံး၌ NLD-CEC အဖွဲ့ဝင်များဖြစ်သော ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးလွန်းတင် နှင့် ဦးလှဖေတို့ တွေ့ဆုံ၍ အစည်းအဝေး တရပ် ပြုလုပ်ခဲ့ကြောင်း။

အစည်းအဝေး၌ ဦးဝင်းတင် မှ ဒေါ်အောင်းဆန်းစုကြည် ၏ နေအိမ်ခြံတွင်း သို့ အမေရိကန် နိုင်ငံသား ၀င်ရောက်မှု နှင့် ပတ်သက်၍ ပြည်ပ မီဒီယာ အချို့မှ ဒေါ်အောင်းဆန်းစုကြည် သည် အမေရိကန် နိုင်ငံသား ကို ၎င်း၏ နေအိမ်အောက် ထပ်တွင် ညအိပ် ခွင့်ပြုခဲ့သည်ဟု သတင်းလွှင့်ထုတ် လာသည်မှာ NLD အတွက် မကောင်းကြောင်း မိမိတို့ မှ ပါတီခေါင်းဆောင် ဆိုပြီး တင်မြှောက်ထားသော်လည်း ကိုယ်ရေး ကိုယ်တာ ကိစ္စပိုင်းများတွင် မကောင်းသတင်းများ ထွက်နေသည့် အတွက် ပါတီ အလားအလာ မကောင်းကြောင်း ။

ယခု ဖြစ်ရပ်သည် ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ထိခိုက်ကြောင်းကို ပြောကြား လိုကြောင်း၊ အနောက် နိုင်ငံကြီးများ ကို အားကိုးလွန်သည်ဟု ပြည်သူလူထု မှ ထင်မှတ်သွားပြီ တိုင်းပြည်ရှေ့ရေး အတွက် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီဝင်ရောက် ယှဉ်ပြိုင်ပါက ရှုံးနိမ့်မှုနှင့်သာ ရင်ဆိုင်ရမှာ ဧကန်မလွဲ ဖြစ်မှာ သေချာနေပြီ ဖြစ်ကြောင်း။

အလားတူ နိုင်ငံတော် အစိုးရ မှ ၂၀၀၇ ခုနှစ်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ဘူးကြောင်း၊ အဆိုပါ ကြေညာချက် တွင် ဒေါ်စုကြည် အနေဖြင့် မြန်မာနိုင်ငံ အား အဖက်ဖက်မှ ပိတ်ဆို့မှုများကို ရုတ်သိမ်းကြောင်း ကြေညာပေးပါက နိုင်ငံတော် အကြီးအကဲ မှ တွေ့ဆုံ ဆွေးနွေးမည် ဆိုသည်အချက်ကို မျက်ကွယ် ပြုထားဘူးကြောင်း။

ယခုနှစ်တွင် အမေရိကန် နိုင်ငံသားအား အိမ်တွင်း တိတ်တဆိတ် လက်ခံထားမှု နှင့်ပါ ပေါင်းလိုက်ပါက ပါတီ သည် ပြည်သူလူထုရှေ့ မျက်နှာ ဘယ်လိုပြရမလဲ ဆိုတာ ဆွေးနွေး တိုင်ပင်ဖို့ လိုပါသည်ဟု ရေးသားထားသည်။

အဆိုပါ ရေးသားချက် နှင့် ပတ်သက် ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းတင် အား ဆက်သွယ်ခဲ့သော်လည်း ဦးဝင်းတင် အနားယူ အိပ်ချိန် ရောက်နေသဖြင့်  သူ၏တုံ့ပြန် အတည်ပြုချက်  မရရှိခဲ့သောကြောင့် လူထုအသံ မှ အထက်ပါ  အင်တာနက် စာမျက်နှာ၏  ရေးသား ပြောဆိုချက်များ နှင့် ပါတ်သက်၍ လောလောဆယ် အတည်ပြုနိုင်ခဲ့ခြင်း  အလျဉ်း မရှိသေးကြောင်း တင်ပြ အပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here