နောက်ကျပေမဲ့ ရေပက်မဲ့ အမေရိကားက သကြင်္န်

alt

အမေရိကန် နိုင်ငံ မြောက် ကယ်ရိုလိုင်းနား ပြည်နယ် Chapel Hill, Carrboro, Durham စသောမြို့ ၃မြို့တွင် တတိယ အကြိမ်မြောက် မြန်မာရိုးရာ နှစ်သစ်ကူး အတာ ရေသဘင် ပွဲတော်အား အမေရိကားရောက် မြန်မာ

မိသားစုများမှ စုပေါင်းကာ တတိယ အကြိမ်မြောက် မြန်မာရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၀၉ခု၊ မေလ(၂၄)ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပပြု လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

မြန်မာရိုးရာ နှစ်သစ်ကူး အတာ သကြင်္န်ပွဲတော်ကို Chapel Hill, Carrboro မြို့များတွင် ၂၀၀၇ခု နှစ်ကပင် စတင်ပြီး ကျင်းပ ပြုလုပ်လာခဲ့သည်မှာ ယခုနှစ်တွင် တတိယအကြိမ် ရှိခဲ့ပြီ ဖြစ်ပြီး ယခုကဲသို့ နောက်ကျမှ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံမှာ ကဲ့သို့ပင် သကြင်္န်ရေပက် ကစားကြမည် ဖြစ်၍ အများ အားလပ်ရက်နှင့် ရာသီဥတု ပူပြင်းသော အချိန်အား စောင့်သောအားဖြင့် နောက်ကျနေခြင်း ဖြစ်သည်ဟု သိရှိရသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူး ရေသဘင်ပွဲတော်တွင် သက်ကြီး ပူဇော်ပွဲ၊ ကံစမ်း မဲဖေါက်ခြင်း၊ ရိုးရာ ယဉ်ကျေးမှု အကပေါင်းစုံ၊သကြင်္န် လှပျိုဖြူများ၏ သကြင်္န်ယိမ်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက များအပြင် Chapel Hill, Carrboro မြို့ခံမောင်မယ်များ၏ ရွှေဝါရောင် သကြင်္န်မောင်အဖွဲ့မှ ဒိုးပတ်နှင့် သံချပ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေမည် ဖြစ်ပြီး၊ ကြွရောက်လာသော ပရိတ်သတ်များအား လူမျိုး၊ ဘာသာမရွေး သုံးဆောင်နိုင်သော မြန်မာ ရိုးရာ အစားအသောက်များဖြင့် စတုဒီတာ ဧည့်ခံ ကျွေးမွေးကာ U R – Not Me! ခေတ်ပေါ် တေးဂီတ အဖွဲ့ဖြင့် Live Show အစီအစဉ်လဲ ထည့်သွင်း စီစဉ်ထားကြောင်း သိရှိရသည်။

အနီးပါတ်ဝန်းကျင် မြို့များ ဖြစ်သော Raleigh, Wilmington, New Burn, Garner နှင့် Pittsboro၊ အခြား နီးစပ်ရာ ပြည်နယ်များ ဖြစ်သည့် Kentucky, Virginia, Georgia, Maryland, Washington DC, South Carolina, တို့အပြင် Oregon တို့မှ မြန်မာမိသားစုများ တက်ရောက် အားပေးကြမည်ဟု ထပ်မံ သိရှိရပြီး၊ University of North Carolina (Chapel Hill), Duke University (Durham) နှင့် Chapel Hill, Carrboro စသော မြန်မာကျောင်းသားများ တက်ရောက် ပညာသင်ကြားနေသည့် Public School များ ကောလိပ်များ၊ တက္ကသိုလ်များမှ ဖိတ်ကြားထားသော အထူးဧည့်သည်တော် များလည်း ချာပါဟေးလ် တွင် ကျင်းပမည့် ထိုသကြင်္န်ပွဲတော်အား တက်ရောက် ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိသည်။

တင်အောင်မိုး ( လူထုအသံ )

LEAVE A REPLY

Please enter your comment!
Please enter your name here