ဗြိတိန် လေကြောင်းလိုင်းမှ လေယာဉ်မှူးများ အလုပ်ထုတ် ခံရ

alt

ဗြိတိသျှ လေကြောင်းလိုင်း (BA) သည် လေယာဉ်မှူး အယောက် (၁၀၀) ကျော်အား အလုပ် ထုတ်ပယ် လိုက်ကြောင်း သိရသည်။

လေယာဉ်စီး ခရီးသည် အရေအတွက် သိသိသာသာ ထိုးကျလာခြင်း အတွက် လေယာဉ်မှူး တစ်ဦးစီအား ပေါင် (၁၅၀၀၀) စီ နစ်နာကြေးပေးပြီး တာဝန်မှ ရပ်ဆိုင်း လိုက်ကြောင်း BA က ကြေညာ သည်။ထို့ အတွက်ကြောင့် လေကြောင်းလိုင်း အနေနှင့် ပေါင်စတာလင် သန်း (၂၀) ခန့်မျှ သက်သာသွားကြောင်း သိရသည်။

ထို အခြေအနေသည် လေယာဉ်မှူးများ အတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာခဲ့ပြီး BA တွင် အလုပ်လုပ် နေသည့် လေယာဉ်မှူး (၃၂၀၀) ကျော်အနက် (၅၀၀) ခန့်သည် လုပ်ခလျှော့ ယူ၍ လေယာဉ်ဆက် မောင်းခွင့် ပြုရန်ပင် အသနားခံ စာရေး ပန်ကြားခဲ့ကြသည်။ BA ၏ အဆိုအရ အလုပ်ဖြုတ် ခံရသည့် အရေအတွက်မှာ (၁၃၀) ခန့်ရှိပြီး ၎င်းတို့၏ လေယာဉ်မှူး လုပ်သက်အလိုက် လျော်ကြေးများလည်း ပေးအပ်ခဲ့ကြောင်း BA က ပြောကြား ခဲ့သည်။

ကမာ္ဘ့ စီးပွားပျက်ကပ် စတင်ချိန် တွင် လေယာဉ်စီး ခရီးသည် အရေအတွက် သိသိသာသာ ထိုးကျခဲ့ပြီး ပထမတန်း ခရီးသည် အရေအတွက်မှာ (၁၃) ရာခိုင်နှုန်းမျှ ကျဆင်းသွားခဲ့ပြီး ယခုလ အတွင်း အရှုံးငွေ ပမာဏသည် ပေါင်သန်း (၁၅၀) ခန့်ထိ ရှိနေပြီ ဖြစ်ကြောင်းလည်း BA က ထုတ်ဖော် ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here