A/H1N1 ကူးစက် ခံရသူပေါင်း လေးထောင်ကျော်ပြီဟု WHO အတည်ပြု

alt

ကမာ္ဘ တဝှမ်း တွင် A/H1N1 တုပ်ကွေး ကူးစက်ခံရသူ အရေအတွက် မှာ မေလ (၁၀) ရက်နေ့ အထိ (၄၃၇၉) ဦးထိ ရှိလာပြီ ဖြစ်ကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) က အတည်ပြု ကြေညာ လိုက်သည်။

မက္ကစီကို နိုင်ငံ တွင် (၁၆၂၆) ဦး ကူးစက်ခံ ရကာ ၎င်း တို့ အနက် မှ (၄၅) ဦးသေဆုံး ခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု မှာ မက္ကစီ ကိုထက် ကူးစက် ခံရသူ အရေအတွက် ပိုမို များပြား သော်လည်း (၂) ဦးသာ သေဆုံး ခဲ့သည်။

အမေရိကန်၊ မက္ကစီကို တို့ နှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် ကနေဒါ တွင် မူ လူဦးရေ (၂၈၀) ခန့် ရောဂါ ကူးစက် ခံရကြောင်း အတည်ပြု နိုင်ခဲ့ပြီး (၁) ဦး သေဆုံးသည်။ ကော်စတာရီကာတွင်မူ (၈) ယောက် ထိ ရောဂါ ကူးစက် ခံရကြောင်း စစ်ဆေး ဖော်ထုတ် နိုင်ပြီး (၁) ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

အောက်ပါ တို့မှာ များမှာမူ မေလ (၁၀) ရက်နေ့ ည အထိ A/H1N1 ရောဂါ ပြန့်နှံ့ ဖြစ်ပွား နေကြောင်း အတည်ပြု နိုင်ခဲ့သည့် နိုင်ငံများ စာရင်း ဖြစ်ပြီး ကွင်း အတွင်း ရှိ ဖော်ပြချက်များ မှာ ရောဂါ ကူးစက် ခံရကြောင်း အတည်ပြု ထားသူများ အရေအတွက် ဖြစ်သည်။

  • အာဂျင်တီးနား (၁)
  • ဩစတြေးလျ (၁)
  • ဩစတြီးယား (၁)
  • ဘရာဇီးလ် (၆)
  • ဟောင်ကောင် (၁)
  • ကမော္ဘဒီးယား (၁)
  • ဒိန်းမတ် (၁)
  • အယ်လ်ဆာဗေးဒိုး (၂)
  • ပြင်သစ် (၁၂)
  • ဂျာမနီ (၁၁)
  • ဂွာတီမာလာ (၁)
  • အိုင်ယာလန် (၁)
  • အစ္စရေး (၇)
  • အီတလီ (၉)
  • ဂျပန် (၄)
  • နယ်သာလန် (၃)
  • နယူးဇီလန် (၇)
  • ပနားမား (၃)
  • ပိုလန် (၁)
  • ပေါ်တူဂီ (၁)
  • တောင်ကိုရီးယား (၃)
  • စပိန် (၉၃)
  • ဆွီဒင် (၂)
  • ဆွစ်ဇလန် (၁)
  • ဗြိတိန် (၃၉)

LEAVE A REPLY

Please enter your comment!
Please enter your name here