ဆွီဒင်နို်င်ငံရှိ Sony Ericsson စက်ရုံမှ အလုပ်သမားများ လျှော့

alt

နာမည်ကျော် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီး ဖြစ်သည့် Sony Ericsson သည် ဆွီဒင် နိုင်ငံ၊ လွန်း ဒေသရှိ စက်ရုံ မှ လုပ်သား (၄၀၀) ကို လျှော့ချ လိုက်ကြောင်း မေလ (၇) ရက်နေ့က ထုတ်ပြန် ကြေညာသည်။

ထို လုပ်ဆောင်မှုသည် ကုမ္မဏီ၏ လုပ်အား လျှော့ပေါ့မှု ဆိုင်ရာ ပထမ ခြေလှမ်း တစ်ရပ် လည်း ဖြစ်ကြောင်း သိရသည်။ လွန်း ဒေသရှိ စက်ရုံသည် Sony Ericsson ၏ အကြီးဆုံး လုပ်ငန်း နေရာတစ်ခု ဖြစ်ပြီး လုပ်သား (၄၀၀၀) မျှ အလုပ် လုပ်နေကြသောကြောင့် ယခု လျှော့ပေါ့မှုသည် စက်ရုံ လုပ်သား အရေအတွက်၏ (၁၀) ရာခိုင်နှုန်းလည်း ဖြစ်သည်။

Sony Ericsson က ယခုနှစ်အတွင်း လုပ်သား အရေအတွက် (၂၀၀၀) မျှအထိ လျှော့ပေါ့ သွားရန် ပြင်ဆင် ထားကြောင်း ဧပြီလ ကတည်းက ကြေညာထားပြီး (၂၀၁၀) တွင်မူ လုပ်သား အရေအတွက် (၁၀၀၀၀) အထိ လျှော့ချသွားရန် အစီအစဉ်များ ချမှတ်ထားသည်။

ကုမ္မဏီ ၏ အဆိုအရ ဆွီဒင် နိုင်ငံအတွင်း လုပ်ငန်းများ မှ လုပ်သား ဦးရေ လျှော့ပေါ့မှုနှင့် အတူ ထုတ်ကုန် အရေအတွက် ကိုလည်း လျှော့ချ သွားရန် စီစဉ် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here