တာလီဘန် တို့အား တိုက်ခိုက်ရာတွင် ဓာတု လက်နက်သုံးခဲ့ ဟုဆို

alt

အမေရိကန် စစ်ဘက် သည် အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ တာလီဘန် အကြမ်းဖက် သမားများကို တိုက်ခိုက်ရာ တွင် အဖြူရောင် မီးစုန်း ဓာတု လက်နက်များ အသုံးပြု ခဲ့ကြောင်း စွပ်စွဲမှုများ နှင့် ရင်ဆိုင် နေရသည်။

ထို လက်နက်များ ၏ ဒါဏ်ကို အာဖဂန် အရပ်သားများ ကလည်း မဆီမဆိုင် ခံစား နေရပြီး လက်နက် ထိမှန်သူတို့၏ အသားများ မှာ အရိုးထိအောင် လှိုက်စား လောင်ကျွမ်း ခံရပြီး မချိမဆန့် နှင့် အသက် ဆုံးရှုံးသည် အထိ ဖြစ်နိုင်သဖြင့် နိုင်ငံတကာ တွင် ထို လက်နက်များ အသုံးမပြုရန် ပိတ်ပင် ထားခဲ့သော ဓါတုလက်နက်များ ဖြစ်သည်။

သို့ပါသော်လည်း အာဖဂန် ဆရာဝန်များ က အမေရိကန် တို့၏ ဗုံးဒါဏ် ခံရသည့် လူနာများတွင် အဖြူရောင် မီးစုန်းနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော မီးလောင်ရာကြီးများ တွေ့မြင် နေရသည်ဟု စွပ်စွဲခဲ့သလို လွတ်လပ်သည့် အာဖဂန် လူ့ အခွင့်အရေး ကောင်စီ ကလည်း ထို ကိစ္စ အတွက် အသေအချာ စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

အာဖဂန် ဆရာဝန်များ က လူ (၁၄၇) ဦးမျှ အဖြူရောင်မီးစုန်း ဓာတု လက်နက်ကြောင့် သေဆုံး ခဲ့ကြောင်း စွပ်စွဲ ထားသော်လည်း အမေရိကန် မှ ကနဦး အနေဖြင့် ငြင်းပယ် ထားခဲ့သည်။

ထို လက်နက် ကို အမေရိကန် က (၂၀၀၄) ခုနှစ် အီရတ်နိုင်ငံ ဖော်လူဂျာ စစ်ဆင်ရေး တွင်လည်းကောင်း၊ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အစ္စရေး တပ်များက ဟားမတ် တို့ အား ချေမှုန်းရာ တွင် လည်းကောင်း အသီးသီး အသုံးပြု ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here